Pages

Subscribe:

Monday, June 29, 2015

ပြစ်ဒဏ်ဘောများမှ ဒီပေး တစ်ရာသီလျှင် ၁၀ ဂိုးမျှထိ သွင်းနိုင်မည်ဟု ဂစ်မျှော်လင့်



ပြစ်ဒဏ်ဘောများမှ ဒီပေး တစ်ရာသီလျှင် ၁၀ ဂိုးမျှထိ သွင်းနိုင်မည်ဟု ဂစ်မျှော်လင့်

လာမည့် ရာသီတွင် ကစားသမားသစ် မမ်းဖစ်ဒီပေး အနေဖြင့် မန်ချက်စတာ ယူနိုက်တက်အတွက် ပြစ်ဒဏ်ဘောမှ ဂိုးများစွာ သွင်းယူနိုင်ရန် မျှော်လင့်ကြောင်း အသင်း၏ လက်ထောက် မန်နေဂျာ ရိုင်ယန်ဂစ်က ထုတ်ဖော် ပြောကြားလိုက်သည်။

တစ်ချိန်က ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် အသင်းအတွက် ပြစ်ဒဏ်ဘောမှ သွင်းဂိုးအများအပြား ရယူပြခဲ့ဖူးရာ နယ်သာလန် လူငယ်ခြေတက် တောင်ပံ ကစားသမားလေး အနေဖြင့် ရော်နယ်လ်ဒို၏ ခြေရာကို လိုက်နင်းနိုင်ရန် ဂစ်က မျှော်လင့်နေသည်။ ဂစ်က PSV အင်ဒိုဗန်တွင် ပြစ်ဒဏ်ဘောများမှ ပင်တိုင် ဂိုးသွင်းခဲ့သည့် ဒီပေးအနေဖြင့် ယူနိုက်တက်တွင်လည်း ပြစ်ဒဏ်ဘောများမှ တစ်ရာသီလျှင် (၁၀)ဂိုးမျှ ဂိုးရရှိမည်ဟု ယုံကြည်လျက် ရှိသည်။

The Sunday Timesနှင့် အင်တာဗျူးတွင် ဂစ်က “ရော်နယ်လ်ဒို အသင်းက ထွက်သွားတဲ့နောက်ပိုင်း ယူနိုက်တက်မှာ သိသိသာသာ အားနည်းသွားတာ တစ်ချက်က ပြစ်ဒဏ်ဘောတွေပါပဲ။ ရော်နယ်လ်ဒို မတိုင်ခင်ကတော့ ဒေးဗစ်ဘက်ဟမ်းက ပြစ်ဒဏ်ဘောကနေ ဂိုးတွေသွင်းခဲ့တယ်။ ဒီပေးကလည်း ပြစ်ဒဏ်ဘော ကန်သွင်းမှုနဲ့ ပတ်သက်ရင် အကောင်းဆုံး မှတ်တမ်းမျိုး ရှိနေသူပါ။ ဘောလုံးရာသီ တစ်ခုမှာ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ဂိုးတွေများများ ရနိုင်မယ်ဆိုရင် အနိုင်ရလဒ်ကို ဖန်တီးတဲ့အခါ ကွဲပြားမှုတွေ သေချာပေါက် ရှိလာမှာပဲ။ သူ့ကို ဖိအားပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပေးဟာ ပြစ်ဒဏ်ဘောကနေ တစ်ရာသီ (၁၀)ဂိုးလောက် သွင်းနိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

ဂစ်က အသက်(၂၁)နှစ်အရွယ် ကစားသမားလေးသည် ယူနိုက်တက်တွင် လျင်မြန်စွာ အထိုင်ကျပြီး ပရိသတ် အားပေးမှုကို ခံယူနိုင်လိမ့်မည်ဟုလည်း ဆိုသည်။ “ဒီပေးဟာ အိုးလ်ထရက်ဖို့ဒ် ပရိသတ်ကို နွေးထွေးလာစေမယ့် ကစားသမားမျိုးပါ။ သူက စိတ်လှုပ်ရှားစရာ ဘောလုံးသမား တစ်ယောက်ပါပဲ။ သူက ဒတ်ခ်ျလိဂ်ရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တယ်။ ပြီးတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးမှုတွေ အများကြီး လုပ်ပေးခဲ့တယ်။ သူဟာ ယူနိုက်တက်ရဲ့ အခြေခံပုံစံမှာ အံဝင်မယ့် ကစားသမားပါ။ ပရိသတ်တွေက စိတ်လှုပ်ရှားစရာ ကစားသမားမျိုးတွေကို လိုလားတောင်းဆိုကြတယ်။ သူတို့ ထိုင်ခုံတွေကနေ ဖင်ကြွလာအောင် လှုံ့ဆော်နိုင်သူမျိုးတွေ၊ ဆန်းကြယ်လှတဲ့ ဂိုးတွေ သွင်းယူနိုင်သူမျိုးတွေ ဆိုပါတော့”ဟုလည်း ဂစ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment