Pages

Subscribe:

Monday, June 29, 2015

အဲဗာတန် ခံစစ်မှူး ကိုးလ်မန်းကို ခေါ်ယူရန် ယူနိုက်တက် စတင်ကြိုးပမ်းလာ



အဲဗာတန် ခံစစ်မှူး ကိုးလ်မန်းကို ခေါ်ယူရန် ယူနိုက်တက် စတင်ကြိုးပမ်းလာ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် ညာတောင်ပံ ခံစစ်သမား ဆီမက်စ် ကိုးလ်မန်းကို ခေါ်ယူရန် စတင် ကြိုးပမ်းနေပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ကိုးလ်မန်းသည် ယူနိုက်တက်၏ ပစ်မှတ်အဖြစ် လပေါင်းအတန်ကြာ တည်ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က လာမည့် ရာသီသစ် အတွက် လက်တွေ့ ကမ်းလှမ်းရန် ပြင်ဆင်နေပြီဟု သိရှိရသည်။ ဗန်ဂါးလ်သည် တိုက်စစ်ထိ အရှိန် အဟုန်ပြင်းပြင်း လိုက်ပါ ပံ့ပိုးနိုင်သည့် ညာခြမ်းခံစစ်သမား တစ်ဦးကို ရှာဖွေနေရာ အိုင်ယာလန် လက်ရွေးစင် ကိုးလ်မန်းသည် ၎င်း၏ အာရုံကို ဆွဲဆောင် လာနိုင်ခဲ့သည်။ လက်ရှိ ယူနိုက်တက် ညာခြမ်းခံစစ်တွင် ရာဖေးလ်ဒါဆေးလ်ဗားက ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အားထားစရာ ဆို၍ အန်တိုနီယို ဗလန်စီယာ တစ်ဦးသာ ရှိသည်။ ဗလန်စီယာသည်လည်း ကွင်းလယ်တောင်ပံလူ တစ်ဦးသာဖြစ်ပြီး ခံစစ်သမား စစ်စစ် မဟုတ်ချေ။

ယူနိုက်တက်သည် လက်ရှိအချိန်ထိ အသက် (၂၆)နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းမှု မပြုလုပ်သေးသော်လည်း မကြာမီ တရားဝင် ချဉ်းကပ်မှု စတင်ဖွယ် ရှိနေသည်။ ဗန်ဂါးလ်သည် ဘာစီလိုနာ ခံစစ်မှူး ဒန်နီအဲလ်ဗက်စ်ကို ချိတ်ဆက်ခဲ့ဖူးသော်လည်း ဘရာဇီးလ် လက်ရွေးစင် ကစားသမားသည် စပိန်ကလပ်နှင့်သာ စာချုပ်သက်တမ်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ယူနိုက်တက်သည် ဆောက်သမ်တန် နောက်ခံလူ နသန်နီရယ်လ် ကလင်းကိုလည်း စိတ်ဝင်စားခဲ့ဖူးသည့်တိုင် လက်တွေ့ ကမ်းလှမ်းမှု မရှိခဲ့ဘဲ ကစားသမားသည် ယခုအခါ လီဗာပူးလ်သို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။ အဲဗာတန်သည် (၂၀၀၉)ခုနှစ်က ကိုးလ်မန်းကို ပေါင်စတာလင် ခြောက်သိန်းမျှဖြင့် ဝယ်ယူခဲ့ပြီး ကစားသမားသည် အသင်းအတွက် (၁၈၅)ပွဲ ကစားကာ (၁၂)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်သည်။

အခြားသော သတင်းများအရ ယူနိုက်တက်သည် ဆောက်သမ်တန် ကွင်းလယ်လူ မော်ဂန်ရှနိုက်ဒါလင်ကို ခေါ်ယူရန်လည်း အရှိန်မြှင့် ကြိုးပမ်းနေကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်သည် လာမည့်ရာသီတွင် စိန့်မေရီမှ ထွက်ခွာမည်ဟု အတည်ပြုထားပြီး ဆောက်သမ်တန်က ၎င်းအတွက် ပေါင်စတာလင် (၂၅)သန်းမျှ တောင်းဆိုနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment