Pages

Subscribe:

Thursday, June 25, 2015

တီဗက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်တော့မည်ဟု ဘိုကာအသင်း အတွင်းရေးမှူးချုပ် ပြောကြား



တီဗက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်တော့မည်ဟု ဘိုကာအသင်း အတွင်းရေးမှူးချုပ် ပြောကြား

ကားလို့စ်တီဗက်ဇ်ကို ပြန်လည်ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဘိုကာဂျူနီယာ အသင်း အတွင်းရေးမှူးချုပ်က ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်သည်။

ဂျူဗင်းတပ်စ် အသင်း၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ယခုနွေရာသီတွင် ဇာတိနိုင်ငံမှ ၎င်း၏ ငယ်မွေးခြံပေါက် အသင်းဟောင်းသို့ ပြန်သွားဖြစ်မည်ဟု သတင်းကြီးနေသည်။ အီတလီ စီးရီးအေ ချန်ပီယံတို့ အနေဖြင့်လည်း တီဗက်ဇ် ထွက်ခွာမည့် အရေးကို ကြိုတင် တွေးတောထားပြီး ပက်ဘလို ဒိုင်ဘာလာနှင့် မာရီယို မန်ဇူကစ်တို့ကဲ့သို့ တိုက်စစ်မှူးများကို ဝယ်ယူထားပြီး ဖြစ်သည်။ ယခုအခါ ဘိုကာအသင်း အတွင်းရေးမှူးချုပ် ဆီဇာ မာတက်ဆီက အသက်(၃၁)နှစ်ရှိ တီဗက်ဇ်သည် မိမိတို့ထံ ပြန်ရောက်လာတော့မည်ဟု မှတ်ချက်ပေးခဲ့သည်။

တီဗက်ဇ်သည် ယခုရာသီ စီးရီးအေနှင့် ကိုပါအီတာလီယာ ဖလားများ ဆွတ်ခူးပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့သည့် ဂျူဗင်းတပ်စ်တွင် အရေးအပါဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။ မာတက်ဆီက “ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်ခဲ့တဲ့နောက် တီဗက်ဇ်ကို ပြန်ခေါ်နိုင်ပါတော့မယ်။ သူပြန်လာမှာကို ကျွန်တော်တို့ မျှော်လင့်နိုင်ပါပြီ။ ဒါကို ဘိုကာအသင်း ပရိသတ်တွေလည်း အရမ်းကျေနပ် စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ အသင်းကို တစ်ကျော့ပြန်လာတဲ့ ကစားသမား အများစုနဲ့ ကွဲပြားတာက တီဗက်ဇ်ဟာ ခြေစွမ်း အမြင့်ဆုံး အနေအထားနဲ့ ပြန်ရောက်လာတာပါ”ဟု ပြောကြားခဲ့သည်။

တီဗက်ဇ်သည် နောက်ဆုံးကစားခဲ့သည့် ရာသီတွင် ဂျူဗင်းတပ်စ်အတွက် စီးရီးအေ (၃၂)ပွဲတွင် ဂိုးပေါင်း(၂၀)ထိ သွင်းပေးခဲ့သလို ချန်ပီယံလိဂ်တွင် (၇)ဂိုး ထပ်မံရရှိခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment