Pages

Subscribe:

Wednesday, June 24, 2015

စတာလင်ကို ရရှိရေး ပြိုင်ဘက်များစွာနှင့် မန်စီးတီး ကြုံတွေ့ဖွယ်ရှိဟု ဗီအဲရာ မှတ်ချက်ပြု



စတာလင်ကို ရရှိရေး ပြိုင်ဘက်များစွာနှင့် မန်စီးတီး ကြုံတွေ့ဖွယ်ရှိဟု ဗီအဲရာ မှတ်ချက်ပြု

မန်ချက်စတာ စီးတီး အနေဖြင့် ရာဟင်မ်စတာလင်ကို ခေါ်ယူရန် ကြိုးပမ်းပါက ပြိုင်ဆိုင်မှု များစွာနှင့် ကြုံလာရနိုင်ကြောင်း ပက်ထရစ် ဗီအဲရာက မှတ်ချက်ပြု ပြောကြားလိုက်သည်။

မန်စီးတီး၏ လူငယ်အသင်း နည်းပြအဖြစ် တာဝန်ယူထားသည့် ပြင်သစ် ဂန္ထဝင် ကွင်းလယ်ကစားသမားဟောင်းကြီးက လီဗာပူးလ်မှ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမား စတာလင်သည် ဈေးကွက်ထဲတွင် လူကြိုက်အများဆုံး ပစ်မှတ်တစ်ခုအဖြစ် ယူဆထားသည်။ မန်စီးတီးသည် စတာလင်အတွက် ပေါင်စတာလင် သန်း(၄၀)ဖြင့် ချဉ်းကပ်ခဲ့မှုကို လီဗာပူးလ်က ပယ်ချခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ပေါင်စတာလင် သန်း(၅၀)ဖြင့် ကမ်းလှမ်းရန် အသင့်ပြင်ဆင်ထားသည်။ စတာလင်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဖြင့် လီဗာပူးလ်၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီးနောက် ယခုနွေရာသီတွင် အန်းဖီးလ်မှ ထွက်ခွာဖြစ်မည်ဟု သတင်းကြီးလျက် ရှိသည်။

ပြီးခဲ့သည့် ရာသီက လီဗာပူးလ်အတွက် (၅၂)ပွဲတွင် (၁၁)ဂိုး သွင်းယူခဲ့သည့် စတာလင်ကို မန်စီးတီးက ချိတ်ဆက်နေမှုနှင့် ပတ်သက်ပြီး ဗီအဲရာက “လမ်းပေါ်ထွက်သွားပြီး လူ(၁၀)ယောက်လောက်ကို စတာလင်အကြောင်း သူတို့အမြင်တွေ လိုက်မေးကြည့်။ (၉)ယောက်လောက်က အကောင်းဘက်က မှတ်ချက်ပေးကြမှာပဲ။ အဲဒီ(၉)ယောက်ထဲမှာ ကျွန်တော်လည်း ပါမှာပဲ။ သူက လီဗာပူးလ်မှာ ဘယ်လောက်ကောင်းအောင် လုပ်ပြနေတယ် ဆိုတာကို မြင်တာကိုး။ သူသာ ဈေးကွက်ထဲ ရောက်နေပြီဆိုရင် မန်စီးတီး တစ်သင်းတည်း စိတ်ဝင်စားနေတာ မဟုတ်နိုင်တော့ဘူး။ အပြိုင်အဆိုင်တွေ ရှိလာမှာပါပဲ”ဟု ဆိုသည်။

၎င်းက “ဒါပေမဲ့ စတာလင်ကို လိုက်နေတာဟာ ပထမအသင်းရဲ့ ကိစ္စပါ။ ကျွန်တော်က ပထမအသင်းနဲ့ မဆိုင်ပါဘူး။ လူငယ် အကယ်ဒမီအတွက်ပဲ အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ရင် ကျွန်တော့် ကိုယ်ပိုင်အမြင် သက်သက်ကိုသာ ပြောနိုင်ပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment