Pages

Subscribe:

Tuesday, June 30, 2015

ယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ရီးယဲလ်ထံ ရာမို့စ်အသိပေးထားဟု သတင်းများထွက်ပေါ်



ယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ရီးယဲလ်ထံ ရာမို့စ်အသိပေးထားဟု သတင်းများထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်သို့ မိမိပြောင်းရွှေ့လိုကြောင်း ဆာဂျီယို ရာမို့စ်က ရီးယဲလ်မက်ဒရစ်ထံ အသိပေးထားလိုက်ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်အနေဖြင့် အသက်(၂၉)နှစ်အရွယ် စပိန်လက်ရွေးစင် ခံစစ်မှူးကို ဆက်လက် ထိန်းသိမ်းထားရန် အလေးအနက် ဆန္ဒရှိနေသော်လည်း ယခုအနေအထားကြောင့် ခက်ခဲသွားပြီဟု ယူဆရသည်။ တစ်ဖက်တွင် ယူနိုက်တက်ကလည်း ရာမို့စ်အတွက် ပေါင်စတာလင် (၂၈.၃)သန်းဖြင့် ကနဦး ကမ်းလှမ်းမှုတစ်ရပ် စတင်ပြုလုပ်ခဲ့ပြီး ယင်းကို စပိန်ကလပ်ဘက်က ပယ်ချထားသည်။ ရီးယဲလ်သည် ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ခေါ်ယူရန် စတင်ချဉ်းကပ်ခဲ့သော်လည်း အင်္ဂလန် ကလပ်က ရီးယဲလ်နှင့် ရာမို့စ်တို့ကြား မကျေလည်မှု အချို့ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ် ဆင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက် အနေဖြင့် ရာမို့စ်ကို ရီးယဲလ်က ရောင်းမပေးပါက ဒီဂီယာကို လက်မလွှတ်မည့် တင်းမာသည့် သဘောထားမျိုးလည်း အရိပ်အမြွက် ပြသထားသည်။

ရာမို့စ်သည် ၎င်းကို ရီးယဲလ်က လက်ရှိပေးချေထားသည့် လုပ်ခနှုန်းထားအပေါ် မကျေမနပ် ဖြစ်နေသလို အသင်းက နည်းပြ ကာလိုအန်ဆလော့တီကို ထုတ်ပယ်လိုက်ခြင်းကိုလည်း စိတ်ပျက်လျက် ရှိသည်။ ရီးယဲလ်သည် ရာမို့စ်၏ စာချုပ်ပါ ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် (၁၄၂)သန်းဟု ထည့်သွင်း ချုပ်ဆိုထားပြီး ယူနိုက်တက်ကမူ စာချုပ် သက်တမ်း(၂)နှစ်သာ ကျန်တော့သည့် ကစားသမားကို အလွန်အကျွံ မြင့်မားသည့် ဈေးမျိုးဖြင့် ချဉ်းကပ်ဖွယ် မရှိချေ။ ထို့အပြင် ရာမို့စ်အတွက် ပြောင်းရွှေ့ကြေးတွင် ဒီဂီယာ၏ တန်ဖိုးကို ထည့်သွင်းတွက်ချက်မှုမျိုးဖြင့်လည်း ပေးချေဖွယ် ရှိနေသည်။

Sky Sportsက ရာမို့စ်သည် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လိုသည့် ၎င်း၏ စိတ်ကူးကို ရီးယဲလ်အာဏာပိုင်များထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် အသိပေးလိုက်ပြီဟု ဖော်ပြခဲ့သည်။ ယူနိုက်တက်သည် နွေရာသီ ဈေးကွက်တွင် PSV အင်ဒိုဗန် တောင်ပံတိုက်စစ်သမား မမ်းဖစ်ဒီပေးကို ခေါ်ယူထားသလို ဆောက်သမ်တန် ကွင်းလယ်လူ မော်ဂန်ရှနိုက်ဒါလင်အတွက် အပြီးသတ် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

Soccer Myanmar

0 comments:

Post a Comment