Pages

Subscribe:

Monday, June 22, 2015

ဆေးစစ်မှုခံယူရန် ဂျူဗင်တပ်စ်သို့ ရောက်ရှိနေသည့် မန်ဇူကစ်



ဆေးစစ်မှုခံယူရန် ဂျူဗင်တပ်စ်သို့ ရောက်ရှိနေသည့် မန်ဇူကစ်

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး မာရီယိုမန်ဇူကစ်သည် ဂျူဗင်တပ်စ်သို့ ယူရို ၁၈ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့နိုင်ရန် နီးစပ်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

အသက် ၂၉ နှစ်အရွယ် ကစားသမားသည် တနင်္ဂနွေနေ့က တူရင်မြို့သို့ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ဂျူဗင်တပ်စ်အသင်း၏ ဆေးအဖွဲ့ဖြင့် ဆေးစစ်မှုခံယူမည် ဖြစ်သည်။

ခရိုအေးရှား လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် နွေရာသီက ဘိုင်ယန်မြူးနစ်မှ အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနေက် စပိန်တွင် တစ်ရာသီသာ ကစားခဲ့သူ ဖြစ်သည်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် အာဂျင်တီးနားတွင် ပြန်လည်ခြေချရန် ဆန္ဒရှိကြောင်း အသင်းထံ ပြောကြားခဲ့ပြီးနောက် မန်ဇူကစ်ကို ခေါ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က တူရင်မြို့ကို အရမ်းနှစ်သက်ပါတယ်။ အသင်းအောင်မြင်မှုရဖို့အတွက် အရာအားလုံး ပေးဆပ်သွားမယ်လို့ အသင်းပရိသတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော်က အသင်းတိုင်းမှာ အကောင်းဆုံးပေးဆပ်ပြီး ကစားခဲ့တာပါ။ ဂျူဗင်တပ်စ်မှာ အကောင်းဆုံး အထောက်အပံ့တွေ ရှိတယ်လို့ သိထားပါတယ်။ အဲ့ဒီအတွက်လည်း အရမ်းကို ပျော်ရွှင်မိပါတယ်” ဟု မန်ဇူကစ်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment