Pages

Subscribe:

Sunday, June 28, 2015

မန်ချက်စတာယူနိုက်တက်တွင် ဆုတံဆိပ်များစွာကို ဒီဂီယာ ရရှိနိုင်လိမ့်မည်ဟု ရှမိုက်ကယ် ဆို



မန်ချက်စတာယူနိုက်တက်တွင် ဆုတံဆိပ်များစွာကို ဒီဂီယာ ရရှိနိုင်လိမ့်မည်ဟု ရှမိုက်ကယ် ဆို

ရီးယဲမက်ဒရစ်မှ စိတ်ဝင်စားနေသည့် ဒေးဗစ်ဒီဂီယာ အနေဖြင့် နွေရာသီတွင် မန်ချက်စတာယူနိုက်တက်တွင် ဆက်နေရန် ရွေးချယ်ခဲ့ပါက ၎င်းအနေဖြင့် မိမိထက်ပိုမိုသည့် ဆုတံဆိပ်များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပီတာရှမိုက်ကယ်က ပြောကြားလိုက်သည်။

ရှမိုက်ကယ်သည် အိုးထရတ်ဖို့ဒ်တွင် ကစားခဲ့သည့် ၈ နှစ်အတွင်း ပရီးမီးယားလိဂ် ၅ ကြိမ်နှင့် ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၁၅ ခု ရရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားများအနက် တစ်ဦးအပါအဝင် ဖြစ်လာသည့် ဒီဂီယာကို စပိန်ထိပ်သီးကလပ်များက စိတ်ဝင်စားခဲ့ကြသော်လည်း ယူနိုက်တက် ဂိုးသမားဟောင်းကမူ အိုးထရတ်ဖို့ဒ်တွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။

“ဒီနွေမှာ သူအသင်းက ထွက်သွားမယ်ဆိုရင် ကျွန်တော် စိတ်ပျက်မိမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက ယူနိုက်တက်အတွက် ပွဲရာပေါင်းများစွာ ကစားပြီး ကျွန်တော့်ထက် ပိုမိုတဲ့ ဆုတံဆိပ်တွေနဲ့ အဆုံးသတ်နိုင်တယ်ဆိုတာကို သေချာသိနေတဲ့အတွက်ကြောင့်ပါ။ သူ့အနေနဲ့ ဒီမှာ ဆက်ကစားရင် အောင်မြင်မှု မရနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ရှမိုက်ကယ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒီဂီယာကို အသင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လူးဝစ်ဗန်ဂါးလ် အနေဖြင့် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း ရှမိုက်ကယ်က ဆိုခဲ့သည်။

“ကျွန်တော်သာ ဗန်ဂါးလ်ဆိုရင် မန်ချက်စတာမှာ ဒေးဗစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ကစားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမှာပါ။ ဒီရာသီမှာ ယူနိုက်တက်ရဲ့ အမှတ်တွေကို ဒေးဗစ်က ကာကွယ်ပေးနိုင်ခဲ့တာကြောင့်လည်း အဆင့် ၄ မှာ ရပ်တည်နိုင်ခဲ့တာပါ။ နောက်ပြီး သူက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်” ဟု ရှမိုက်ကယ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment