Pages

Subscribe:

Friday, June 26, 2015

ရှက်တာ ကွင်းလယ်လူ ကော်စတာကို ဘိုင်ယန် ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီဟု သတင်းများဖော်ပြ



ရှက်တာ ကွင်းလယ်လူ ကော်စတာကို ဘိုင်ယန် ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီဟု သတင်းများဖော်ပြ

ဘိုင်ယန်မြူးနစ် အသင်းသည် ရှက်တာဒိုးနက်စ်ခ် ကွင်းလယ်လူ ဒေါက်ဂလက်စ် ကော်စတာကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သိရှိရသည်။

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားကို ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က ချိတ်ဆက်ခဲ့ဖူးသော်လည်း ယူကရိန်းကလပ်၏ ခေါ်ဈေး မြင့်မားမှုကြောင့် လက်လျှော့ခဲ့ရသည်။ ယခုအခါတွင်မူ ဘိုင်ယန်က ကော်စတာအတွက် ပေါင်စတာလင် (၂၅)သန်း ပေးချေရန် နှုတ်အားဖြင့် သဘောတူညီထားပြီဟု ဆိုသည်။ ကော်စတာသည် ချီလီတွင် ဘရာဇီးလ် အသင်းနှင့် အတူ ကိုပါ အမေရိကဖလား ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယင်းနောက်တွင်မူ ဘိုင်ယန်နှင့် စာချုပ်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီ ဈေးကွက်ကာလ အတွင်းက ကော်စတာကို အလေးအနက် စိတ်ဝင်စားခဲ့သော်လည်း နောက်ပိုင်းတွင် မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဖီအိုရင်တီးနားမှ ဟွမ်ကွာဒရာဒိုကိုသာ ခေါ်ယူရန် ရွေးချယ်ခဲ့သည်။ ကော်စတာသည် ရှက်တာအသင်းမှ ထွက်ခွာလိုကြောင်း ဝန်ခံထားပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက “ကျွန်တော့်အနေနဲ့ ဥရောပ အလယ်ပိုင်းက ထိပ်တန်း အသင်းကြီး တစ်ခုခုမှာ သွားကစားဖို့ အခွင့်အရေး ရလာမယ်ဆိုရင် အရမ်းကျေနပ်မိမှာပါ”ဟု ဖွင့်ဟ ပြောကြားထားသည်။ ၎င်းကို ဘာစီလိုနာနှင့် အေစီမီလန်တို့ကလည်း စောင့်ကြည့်ခဲ့ဖူးပြီး ယခုအခါ ဘိုင်ယန်က (၄)နှစ်စာချုပ်ဖြင့် ခေါ်ယူရန် အနီးစပ်ဆုံး ဖြစ်နေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment