Pages

Subscribe:

Wednesday, June 24, 2015

မြန်မာ လက်ရွေးစင် အသင်း အသစ်ပြန်လည် ဖွဲ့စည်းမည်



မြန်မာ လက်ရွေးစင် အသင်း အသစ်ပြန်လည် ဖွဲ့စည်းမည်

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲနဲ့ ၂၀၁၉ ခုနှစ် အာရှဖလားေ ခြစစ်ပွဲများ ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် အသင်းကို သြဂုတ်လတွင် ပြန်လည် ဖွဲ့စည်းမည်ဟု သိရသည်။

လက်ရှိ အသင်းကို ခွင့်ပေးထားပြီး ကစားသမား အများစုကို အပြောင်းအလဲ ပြုလုပ်ရန် ရှိပြီး ယူ၂၀နှင့် ယူ၂၃ အသင်းမှ အဓိက ကစားသမားများ ပါဝင်လာနိုင်ဖွယ် ရှိကြောင်းနှင့် ပြည်ပထွက် လေ့ကျင့်ရင်း ခြေစမ်းပွဲများလည်း ကစားဖို့ ရှိကြောင်း လက်ရွေးစင် အသင်းကြီး အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ တတိယ ပွဲစဉ်အဖြစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ကူဝိတ်အသင်း၊ အောက်တိုဘာ ၈ ရက်နေ့မှာ လက်ဘနွန်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ လာအို၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကူဝိတ်၊ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ လက်ဘနွန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment