Pages

Subscribe:

Tuesday, June 23, 2015

ကာဗာနီ၏ ပြောင်းရွှေ့ကြေးကို အေစီမီလန် မတတ်နိုင်ကြောင်း ၎င်း၏အေးဂျင့်ဆို



ကာဗာနီ၏ ပြောင်းရွှေ့ကြေးကို အေစီမီလန် မတတ်နိုင်ကြောင်း ၎င်း၏အေးဂျင့်ဆို

အက်ဒီဆန်ကာဗာနီ၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားအနေဖြင့် ပီအက်စ်ဂျီမှ အေစီမီလန်သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည့် သတင်းများကို ငြင်းဆိုလိုက်ပြီး စီးရီးအေအသင်း အနေဖြင့် မိမိကစားသမားကို ခေါ်ယူနိုင်ရန် ဘဏ္ဍာရေးအင်အား တောင့်တင်းခြင်း မရှိကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ၅၂ ပွဲကစားပြီး ၃၁ ဂိုး သွင်းယူခဲ့သည့် ကာဗာနီသည် ပီအက်စ်ဂျီအသင်းကို လီဂူးဝမ်းချန်ပီယံ သုံးကြိမ်ဆက် ဖြစ်စေရန် ကူညီနိုင်ခဲ့သည်။

ပါလာမိုနှင့် နာပိုလီတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် များပြားလှသည့် ပြောင်းရွှေ့ကြေး ပမာဏဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း အသက် ၂၈ နှစ်အရွယ် ကစားသမားက ဇာလတန် အီဘရာဟီမိုဗစ်ခ်ျကို ပံ့ပိုးပေးရသည့် ကစားသမားအဖြစ် ကစားရခြင်းအပေါ် မေးခွန်းထုတ်ခဲ့ပြီးနောက် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့် အေစီမီလန်တွင် ထိုင်းလူမျိုး ဘီတေချောင်ဘူက ရင်းနှီးမြှုပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကာဗာနီကို ခေါ်ယူနိုင်ဖွယ်ရှိသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အဆိုပါ သတင်းများကို ကာဗာနီ၏ အေးဂျင့်ဖြစ်သူက ငြင်းဆိုသွားခဲ့သည်။

၎င်းက “ကာဗာနီမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်တဲ့ အသင်းဆိုတာ အီတလီမှာ မရှိပါဘူး။ နောက်ပြီး အက်ဒီဆန်ကလည်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ သူက အခု ပဲရစ်မှာ ပျော်နေပါတယ်။ ပီအက်စ်ဂျီမှာ ဆက်နေဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီထက်ရှင်းတာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment