Pages

Subscribe:

Tuesday, June 30, 2015

ဘိုင်ယန်တွင် ဆက်ကစားပြီး ဘွန်းဒစ်လီဂါ လေးရာသီဆက် ချန်ပီယံဖြစ်ရန် ရှဝိန်းစတိုင်ဂါမျှော်လင့်



ဘိုင်ယန်တွင် ဆက်ကစားပြီး ဘွန်းဒစ်လီဂါ လေးရာသီဆက် ချန်ပီယံဖြစ်ရန် ရှဝိန်းစတိုင်ဂါမျှော်လင့်

ဘိုင်ယန်မြူးနစ်တွင်ပင် ဆက်ကစားပြီး ဂျာမန် ချန်ပီယံဆု ထပ်မံ ဆွတ်ခူးရန် ဆန္ဒရှိကြောင်း ဘက်စတိန်း ရှဝိန်းစတိုင်ဂါက အရိပ်အမြွက် ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ထံမှ အလေးအနက် စိတ်ဝင်စားမှုမျိုး ရှိနေသည့်တိုင် ဂျာမန်လက်ရွေးစင် ဝါရင့် ကွင်းလယ်ကစားသမားကြီးက အေလီယန့်ဇ် ကွင်းတွင်သာ ရှေ့ဆက် ကစားဖွယ်ရှိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။ အသက်(၃၀) အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် ဗန်ဂါးလ်၏ နွေရာသီ အဓိက ပစ်မှတ်တစ်ခု ဖြစ်နေသော်လည်း ကစားသမား ကိုယ်တိုင်ကမူ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို (၄)နှစ်ဆက်တိုက် ရယူရန် လိုလားမိကြောင်း ဆိုသည်။ ဂျာမန်ဘောလုံးသမိုင်းတွင် မည်သည့်အသင်းမျှ ဘွန်းဒစ်လီဂါတွင် (၄)ရာသီဆက် ချန်ပီယံ မဖြစ်ခဲ့ဖူးချေ။

ရှဝိန်းစတိုင်ဂါက “ကျွန်တော်တို့ အသင်းဟာ လောလောဆယ် ဘွန်းဒစ်လီဂါမှာ သုံးရာသီဆက်တိုက် ချန်ပီယံ ဖြစ်ထားတယ်။ ဒါမျိုး အရင်က ဘယ်အသင်းမှ မလုပ်နိုင်ခဲ့ဘူး။ ဒါကို လက်တွေ့ လုပ်နိုင်မလား ဆိုတာက တကယ့်ကို ကောင်းမွန်တဲ့ စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှု တစ်ခုပါပဲ။ ကျွန်တော့် အနေနဲ့ အကောင်းဆုံး ကစားနိုင်သေးတယ်လို့ ခံစားမိသလို နောက်ထပ် (၃)နှစ်လောက် ထိပ်တန်းအဆင့်မှာ ဆက်ကစားနိုင်ဖို့ အသင့်ရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

၎င်းက ချန်ပီယံလိဂ် ဆုဖလားကို နောက်တစ်ကြိမ်မျှ အရယူလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။ “ချန်ပီယံ လိဂ်မှာ နောက်တစ်ခါလောက်တော့ ဗိုလ်စွဲ ချင်ပါသေးတယ်။ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားလို ထိပ်တန်း ဆုဖလားတွေကို ရယူနိုင်ပြီးတဲ့အခါ ဒီကစားသမား တစ်ယောက်ဟာ အောင်မြင်မှုကို အရင်လောက် မဆာလောင်တော့ပါဘူးလို့ လူတွေက တွေးတတ်ကြတယ်။ ကျွန်တော် ခံစားမိတာကတော့ ဒီလိုမဟုတ်ပါဘူး”ဟု ရှဝိန်းစတိုင်ဂါက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment