Pages

Subscribe:

Thursday, June 25, 2015

မော်ရင်ဟိုသည် နာမည်ကောင်း အားလုံး သိမ်းကျုံး ယူလိုသူ တစ်ဦးဟု ပယ်လီဂရီနီ ဝေဖန်တိုက်ခိုက်



မော်ရင်ဟိုသည် နာမည်ကောင်း အားလုံး သိမ်းကျုံး ယူလိုသူ တစ်ဦးဟု ပယ်လီဂရီနီ ဝေဖန်တိုက်ခိုက်

ဟိုဆေးမော်ရင်ဟိုသည် နာမည်ကောင်းမှန်သမျှ သိမ်းကျုံးရယူလိုသူ တစ်ဦးဖြစ်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက တိုက်ခိုက် ပြောကြားလိုက်သည်။

ချယ်လ်ဆီး မန်နေဂျာ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက မန်စီးတီးကို ကျော်ဖြတ်ပြီး ၎င်း၏ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပြခဲ့သည်။ ယခင်ကတည်းက နှစ်ဦးကြား ဆက်ဆံရေးတွင် အစိုင်အခဲများ ရှိခဲ့သည့်နောက် ပယ်လီဂရီနီက မော်ရင်ဟိုသည် အောင်မြင်မှုတိုင်းတွင် ၎င်းတစ်ဦးတည်းသာ ချီးကျူးဂုဏ်ပြုခံရအောင် ဖန်တီးယူလေ့ရှိသူဟု ဝေဖန်လာခြင်း ဖြစ်သည်။ အမှန်အားဖြင့် ၎င်းတို့နှစ်ဦး၏ ပြဿနာသည် စပိန်လာလီဂါ ပြိုင်ပွဲတွင် ကတည်းက အစပြုခဲ့ခြင်း ဖြစ်သည်။ (၂၀၁၁)ပြည့်နှစ်က မော်ရင်ဟို ကိုင်တွယ်သည့် ရီးယဲလ်က ပယ်လီဂရီနီ၏ မာလာဂါကို (၇-၀)ဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း အပြန်အလှန် စကားလုံး တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

ပယ်လီဂရီနီက “နိုင်ပြီဆိုရင် မော်ရင်ဟိုက နာမည်ကောင်းမှန်သမျှ သူချည်းပဲ သိမ်းကျုံးယူချင်တာလေ”ဟု ချီလီသတင်းစာ El Mercurioသို့ ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်ဆို ဘယ်တော့မှ ဒါမျိုးမလုပ်ဘူး။ ကျွန်တော် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရခဲ့ချိန်မှာ ဘာစကား တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်က မော်ရင်ဟိုနဲ့ ပြဿနာ မရှိပါဘူး။ သူဟာ ကျွန်တော့် ရန်သူ မဟုတ်သလို ကျွန်တော်တို့ချင်း ပဋိပက္ခလည်း ဖြစ်မထားဘူး။ ဒါပေမဲ့ သေချာတာက ကဏ္ဍတိုင်းမှာ ကျွန်တော်ဟာ သူနဲ့ ကွဲလွဲပါတယ်။ သူ့ကို ဘယ်လိုလူဆိုတာ ဆန်းစစ်ဖို့တော့ ကျွန်တော် စိတ်မဝင်စားဘူး”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment