Pages

Subscribe:

Monday, June 29, 2015

ရီးယဲလ်၏ ယှဉ်ပြိုင်မှုကို တွန်းလှန်ရန် အတွက် ဘာစီလိုနာ အနေဖြင့် ငွေကြေး သုံးစွဲရန် လိုအပ်ဟု ဥက္ကဋ္ဌဆို



ရီးယဲလ်၏ ယှဉ်ပြိုင်မှုကို တွန်းလှန်ရန် အတွက် ဘာစီလိုနာ အနေဖြင့် ငွေကြေး သုံးစွဲရန် လိုအပ်ဟု ဥက္ကဋ္ဌဆို

ဘာစီလိုနာ အနေဖြင့် ရီးယဲလ်မက်ဒရစ်ထံမှ ဖိအားပေး ယှဉ်ပြိုင်လာမှုများကို တွန်းလှန်ရန်အတွက် ငွေကြေး အလုံးအရင်း အသုံးပြုပြီး ကစားသမားသစ်များ စုဆောင်းခေါ်ယူ သွားရန် လိုအပ်ကြောင်း အသင်းဥက္ကဋ္ဌ ဂျိုးဆက် ဘာတိုမြူက ပြောကြားလိုက်သည်။

ဘာစီလိုနာသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံမှ အပြောင်းအရွှေ့ရာသီနှစ်ခု လှုပ်ရှားခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်ကို ကျခံထားရသော်လည်း ဘာတိုမြူက အသင်းအတွက် လူသစ်များ ဝယ်ယူအားဖြည့်ရေးအတွက် ငွေကြေး ဆက်လက် မြှုပ်နှံသွားရန် လိုလားလျက် ရှိသည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဓိက ဆုဖလားကြီး သုံးလုံးစလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆီဗီးလား တောင်ပံလူ အလက်ဆစ် ဗီဒဲလ်ကို အားဖြည့် ခေါ်ယူထားသည်။ ၎င်းသည်လည်း အသင်း၏ ဈေးကွက်လှုပ်ရှားခွင့် ပိတ်ပင်ခံထားရမှု ပြစ်ဒဏ်စေ့မည့် ဇန်နဝါရီလ မတိုင်မီ ပွဲထွက် ကစားနိုင်ဦးမည် မဟုတ်ချေ။

ဘာတိုမြူက “ကျွန်တော်တို့ ပြိုင်ဘက်တွေကို အသာစီး အနေအထား ရသွားအောင် ခွင့်ပြုပေးလို့ မရပါဘူး။ ဥပမာ ရီးယဲလ်လို အသင်းမျိုးကို အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူးလေ။ သူတို့ဟာ ဈေးကွက်ထဲမှာ ကစားသမား အရောင်းအဝယ် ကိစ္စတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတာပါ”ဟု ဆိုသည်။ ၎င်းက “ဘာစီလိုနာ ဘုတ်အဖွဲ့ အနေနဲ့ အသင်းရဲ့ ကောင်းရာကောင်းကြောင်းအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာပါ။ လာမယ့်ရာသီမှာ ဘာစီလိုနာ အသင်းဟာ ပိုပြီးတော့ ယှဉ်ပြိုင်မှု အားကောင်းလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောာကားခဲ့သည်။

ဘာတိုမြူသည် ယခင် ဥက္ကဋ္ဌဟောင်း ယိုအိုလာပေါ်တာ၏ စိန်ခေါ်မှုကို လာမည့် ဇူလိုင် (၁၈)ရက်၊ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပရိသတ်များ၏ ထောက်ခံမှုကို ရရှိရန် အတွက် ကြိုးပမ်းနေရသည်။

Soccer Myanmar

0 comments:

Post a Comment