Pages

Subscribe:

Monday, June 29, 2015

ဗီဒဲလ်ကို ခေါ်ယူရန် အာဆင်နယ် သဘော တူညီမှု ရရှိထားကြောင်း အီတလီ သတင်းဌာန တစ်ခု ဖော်ပြ



ဗီဒဲလ်ကို ခေါ်ယူရန် အာဆင်နယ် သဘော တူညီမှု ရရှိထားကြောင်း အီတလီ သတင်းဌာန တစ်ခု ဖော်ပြ

အာဆင်နယ် အသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ်လူ အာတူရိုဗီဒဲလ်ကို ပေါင်စတာလင် (၂၁)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ကြိုတင်ရရှိထားပြီဟု အီတလီ သတင်းစာ တစ်စောင်က ရေးသား ဖော်ပြခဲ့သည်။

La Stampa သတင်းစာက လတ်တလောတွင် ချီလီလက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲ၌ ပါဝင်ကစားနေသည့် ဗီဒဲလ်သည် ပြိုင်ပွဲအပြီးတွင် မြောက်လန်ဒန် ကလပ်သို့ ချိတ်ဆက် ကူးပြောင်းဖြစ်မည်ဟု ရေးသားခဲ့သည်။ ထို့အပြင် အာဆင်နယ်ကို ဗီဒဲလ် ရွေးချယ်ရန် ဆုံးဖြတ်မှုတွင် လက်ရွေးစင် အသင်းဖော် အလက်ဆစ် ဆန်းချက်ဇ်၏ တိုက်တွန်းမှုများက အဓိက ကျခဲ့ကြောင်းလည်း ဆိုသည်။ ဆန်းချက်ဇ်သည် ပြီးခဲ့သည့် နွေရာသီတွင် ဘာစီလိုနာမှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်တွင် အထူးတလည် ခြေစွမ်းပြနိုင်ခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် နွေရာသီက ဗီဒဲလ်ကို အလေးအနက် ဆက်သွယ်ခဲ့ဖူးသော်လည်း ကစားသမား၏ ဒူးဒဏ်ရာ အခြေအနေကြောင့် လက်တွေ့ ခေါ်ယူရန် တွန့်ဆုတ် နှောင့်နှေးခဲ့သည်။ ဗီဒဲလ်သည် အီတလီ ကလပ်တွင် ဆက်နေဖြစ်ခဲ့ပြီး စီးရီးအေ ချန်ပီယံ၊ ကိုပါအီတာလီယာဖလား ချန်ပီယံဆုများကို ရရှိခဲ့သည့်အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ဂျူဗင်းတပ်စ်အသင်း တက်လှမ်းရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ ဗီဒဲလ်သည် ကိုပါအမေရိက ဖလားတွင် (၄)ပွဲကစားကာ (၃)ဂိုး သွင်းယူထားပြီး တနင်္လာနေ့ည ပီရူးနှင့် အကြိုဗိုလ်လုပွဲတွင်လည်း ပွဲထွက်လူစာရင်းမှ ပါဝင်လာဖွယ် ရှိနေသည်။

Soccer Myanmar

0 comments:

Post a Comment