Pages

Subscribe:

Tuesday, June 30, 2015

ဆက်ခ်ျနေရာကို ဘီဂိုဗစ်ဖြင့် အစားထိုးရန် ချယ်လ်ဆီး ပြင်ဆင်



ဆက်ခ်ျနေရာကို ဘီဂိုဗစ်ဖြင့် အစားထိုးရန် ချယ်လ်ဆီး ပြင်ဆင်

ချယ်လ်ဆီး အသင်းသည် ပီတာဆက်ခ်ျနေရာ အစားထိုးရန် အတွက် စတုတ်ခ်စီးတီး ဂိုးသမား အက်စ်မာဘီဂိုဗစ်ကို စတင်ချိတ်ဆက်နေပြီဟု သိရသည်။

ချက်လက်ရွေးစင် ဆက်ခ်ျသည် (၁၁)နှစ်ကြာ ကစားခဲ့သည့် ချယ်လ်ဆီးကို စွန့်ခွာကာ အာဆင်နယ်သို့ ကူးပြောင်းသွားပြီးနောက် ၎င်းနေရာကို အစားထိုးရန်အတွက် ဘီဂိုဗစ်ကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချဉ်းကပ်လာခြင်း ဖြစ်သည်။ အသက်(၂၈)နှစ် အရွယ်ရှိ ဘော့စ်နီးယား လက်ရွေးစင် ဘီဂိုဗစ်သည် ချယ်လ်ဆီးတွင် ဦးစားပေး ဂိုးသမား သီဘောက် ကော်တွိုက်စ်နှင့် နေရာလု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချယ်လ်ဆီးက ပေါင်စတာလင် (၆)သန်းမျှဖြင့် ၎င်းကို ဝယ်ယူနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆက်ခ်ျကို အာဆင်နယ်က (၄)နှစ်စာချုပ်ဖြင့် ပေါင်စတာလင် (၁၀)သန်းမျှ ပြောင်းရွှေ့ကြေးပေး ခေါ်ယူလိုက်ပြီး နာရီပိုင်းအတွင်း ချယ်လ်ဆီးက ဘီဂိုဗစ်အတွက် စတုတ်ခ်ထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ စတုတ်ခ်အနေဖြင့် ချယ်လ်ဆီးထံမှ တရားဝင် ဆက်သွယ်မေးမြန်းမှုကို လက်ခံရရှိခဲ့သော်လည်း ပေါင်စတာလင် (၆)သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ပေါင်စတာလင် (၁၀)သန်းထိ တိုးမြှင့်တောင်းဆိုဖွယ် ရှိနေသည်။ စတုတ်ခ်မန်နေဂျာ မာ့ခ်ဟုဂ်ျ အနေဖြင့်လည်း ဘီဂိုဗစ်ကို ရောင်းထုတ်လိုက်ပါက တိုက်ရိုက်အစားထိုးရန် ဂျက်ဘတ္တလန်ကို လျာထားပြီး ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment