Pages

Subscribe:

Thursday, June 18, 2015

မြန်မာ့ လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့် ထားကြောင်း ဂိုးသမားကျော်ဇင်ဖြိုး ပြောကြား



မြန်မာ့ လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့် ထားကြောင်း ဂိုးသမားကျော်ဇင်ဖြိုး ပြောကြား

စင်ကာပူ ဆီးဂိမ်းမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရဖို့ မျှော်လင့် ထားတယ်လို့ မြန်မာ ယူ၂၃အသင်း ဂိုးသမား ကျော်ဇင်ဖြိုးက ပြောကြား ခဲ့ပါသည်။

ကျော်ဇင်ဖြိုးဟာ စင်ကာပူ ဆီးဂိမ်းမှာ ပွဲစဉ် တိုင်းလိုလိုမှာ လက်စွမ်း ပြခဲ့ပြီး ဗီယက်နမ်၊ ထိုင်း အသင်းတို့ နဲ့ ကစားခဲ့တဲ့ ဆီးမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု(ရွှေလက်အိတ်)ဆုကိုပါ ရရှိခဲ့သူ ဖြစ်ပါသည်။
“ကျွန်တော် အနေနဲ့ သည်ပြိုင်ပွဲက လက်စွမ်းကြောင့် မြန်မာ့ လက်ရွေးစင် အသင်းကြီးမှာ အရွေး ခံရဖို့ မျှော်လင့် ထားပါတယ်။ လက်ရွေးစင် အသင်းမှာလည်း ဆက်လက်လက်စွမ်း ပြနိုင်မယ် ယုံကြည်ပါတယ်” လို့  မြန်မာ ယူ၂၃အသင်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက် ရှိလာချိန်မှာ ကျော်ဇင်ဖြိုးက ပြောပါသည်။

မြန်မာ့ လက်ရွေးစင် အသင်းကြီးမှာ လက်ရှိ အချိန်မှာ ရလဒ်တွေ မကောင်း ဖြစ်နေပြီး ပွဲထွက် ဂိုးသမား ဗန်လားဟရွယ်ဟာ ဆုံးဖြတ်ချက်တွေ မှားယွင်းနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပြီး မြန်မာ ယူ၂၀အသင်း ဂိုးသမား မျိုးမင်းလတ်နဲ့ မြန်မာ ယူ၂၃အသင်း ဂိုးသမား ကျော်ဇင်ဖြိုးတို့ ရွေးချယ်ဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ သိရပါသည်။

Soccer Myanmar


0 comments:

Post a Comment