Pages

Subscribe:

Friday, June 19, 2015

ယူနိုက်တက်မှ ယာနူဇက်ဂ်ျ ထွက်ခွာမည် မဟုတ်ဟု အေးဂျင့်ပြောကြား



ယူနိုက်တက်မှ ယာနူဇက်ဂ်ျ ထွက်ခွာမည် မဟုတ်ဟု အေးဂျင့်ပြောကြား

အက်ဒ်နန် ယာနူဇက်ဂ်ျ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာမည် မဟုတ်ဘဲ အသင်းတွင် ဆက်ရှိနေမည်ဟု အေးဂျင့်က ထုတ်ဖော် ပြောကြားလိုက်သည်။

အသက်(၂၀) အရွယ်ရှိ ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ်မှူးသည် နွေရာသီတွင် အခြားအသင်း တစ်ခုခုသို့ အငှားပြောင်းရွှေ့မည်ဟု သတင်းကြီးနေသော်လည်း ၎င်း၏ အေးဂျင့်ဖြစ်သူ ဒါ့ခ်ဒီဗရာ့စ်က ယင်းသတင်းများသည် လုံးဝ အခြေအမြစ် မရှိကြောင်း တုံ့ပြန်ခဲ့သည်။ ယာနူဇက်ဂ်ျသည် ပြီးခဲ့သည့် ရာသီက အသင်းတွင် ခြေစွမ်း မပြနိုင်ခဲ့သလို ယခုနွေရာသီတွင် PSV အင်ဒိုဗန် တောင်ပံတိုက်စစ်မှူး မမ်းဖစ်ဒီပေးပါ ထပ်မံရောက်ရှိလာခြင်းကြောင့် ပွဲထွက်ခွင့် အကန့်အသတ်များ ပိုမိုကြုံလာရဖွယ် ရှိနေသည်။

ဆန်းဒါးလန်း၊ အဲဗာတန်နှင့် ရီးယဲလ်ဆိုစီဒက် အသင်းများသည် ယာနူဇက်ဂ်ျကို အငှားခေါ်ယူရန် အပြိုင် စိတ်ဝင်စားလျက် ရှိနေသည်။ ကစားသမား အနေဖြင့် နွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ အငှားထွက်ခွာမည်ဆိုသော သတင်းများအပေါ် ဒီဗရာ့စ်က “လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ယာနူဇက်ဂ်ျဟာ ယူနိုက်တက်မှာ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေပါတယ်။ အသင်းကလည်း သူ့ကို ထွက်မသွားစေချင်ပါဘူး။ သူဟာ နှစ်ပေါင်းများစွာ အတွင်းမှာ ယူနိုက်တက်အတွက် အကောင်းဆုံး သွေးသစ်လူငယ် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရဆဲပါ။ သူ့ကို ဝယ်ယူဖို့၊ ဒါမှမဟုတ် အငှားခေါ်ဖို့ ထိပ်တန်းကလပ် တော်တော်များများက ကမ်းလှမ်းခဲ့ပေမယ့် ယာနူဇက်ဂ်ျက အသင်းမှာ ဆက်နေပြီး ဂန္ထဝင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားသွားသည်။

ယာနူဇက်ဂ်ျသည် ပြီးခဲ့သည့် ရာသီက (၂၁)ပွဲသာ ကစားခွင့် ရခဲ့ပြီး ယင်းမတိုင်မီ တစ်နှစ်က မန်နေဂျာ ဒေးဗစ်မိုယက်စ် လက်အောက်တွင် (၃၅)ပွဲထိ ကစားခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment