Pages

Subscribe:

Thursday, June 18, 2015

ပေါ့ဂ်ဘာကိုယ်တိုင် အသင်းမှ ထွက်ခွာခွင့် မတောင်းသ၍ ကစားသမားကို ရောင်းမည် မဟုတ်ဟု ဂျူဗင်းတပ်စ်ပြောကြား



ပေါ့ဂ်ဘာကိုယ်တိုင် အသင်းမှ ထွက်ခွာခွင့် မတောင်းသ၍ ကစားသမားကို ရောင်းမည် မဟုတ်ဟု ဂျူဗင်းတပ်စ်ပြောကြား

ပေါလ်ပေါ့ဂ်ဘာ ကိုယ်တိုင်က အသင်းတွင် ဆက်ကစားရန် ဆန္ဒ ရှိနေသမျှ ၎င်းကို လုံးဝ ရောင်းထုတ်မည် မဟုတ်ဟု ဝယ်လက် အသင်းများကို ဂျူဗင်းတပ်စ်က သတိပေး ပြောကြားလိုက်သည်။

အသက်(၂၂)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမားသည် နွေရာသီ ဈေးကွက်တွင် အီတလီ ချန်ပီယံ ကလပ်အသင်းကို စွန့်ခွာဖွယ်ရှိကြောင်း သတင်းကြီးနေသည်။ ၎င်းသည် ဈေးကွက်ထဲတွင် လူကြိုက်အများဆုံး ကစားသမား တစ်ဦးလည်း ဖြစ်နေပြီး မန်ချက်စတာစီးတီး၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့က အပြိုင် ချိတ်ဆက်လျက် ရှိသည်။ ဂျူဗင်းတပ်စ် အထွေထွေ မန်နေဂျာ ဂူဆက်ပီ မာရော့တာကမူ ကစားသမား ကိုယ်တိုင်က ထွက်ခွာခွင့် မတောင်းမချင်း အသင်းက ၎င်းကို ဈေးကွက်တင်မည် မဟုတ်ဟု ဆိုသည်။

ပြင်သစ်ချန်ပီယံ PSGသည် ပေါ့ဂ်ဘာအတွက် ယူရိုသန်း(၈၀)ဖြင့် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ပြီးဖြစ်ကြောင်း Goal.comက ဖော်ပြထားသလို မန်ချက်စတာစီးတီးကလည်း ကစားသမားအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် ပေးချေရန် အသင့်ရှိနေကြောင်း သတင်းကြီးနေသည်။ မာရော့တာကမူ “ပေါ့ဂ်ဘာဟာ ဂျူဗင်းတပ်စ် လူစာရင်းမှာ အခြေခံ အကျဆုံး ကစားသမား တစ်ယောက်ပါ။ သူ့ကို ဈေးကွက်ထဲ တင်မထားပါဘူး။ သူကိုယ်တိုင် အသင်းကနေ မထွက်ချင်သ၍ ဆိုပါတော့။ ပြီးတော့ သူကလည်း အသင်းကနေ ထွက်ခွင့် တောင်းမထားပါဘူး”ဟု ပြောကြားခဲ့သည်။

မာရော့တာက တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ် ကျန်နေသေးသည့်တိုင် ယခုနွေရာသီတွင် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့ဖွယ် ရှိကြောင်းလည်း ဝန်ခံခဲ့သည်။ “ကစားသမားတွေက လူသားတွေပါပဲ။ သူတို့မှာ ကိုယ်ပိုင် လိုလားချက်တွေ ရှိကြတာပါပဲ။ တီဗက်ဇ်ကလည်း အာဂျင်တီးနားမှာ ကစားသမား ဘဝကို တောက်တောက်ပပ အဆုံးသတ်ချင်ပုံ ရပါတယ်”ဟု ၎င်းက ပြောဆိုသွားသည်။

Soccer Myanmar


0 comments:

Post a Comment