Pages

Subscribe:

Friday, May 1, 2015

ဘာစီလိုနာကို အနိုင်ယူဖို့ ရော်ဘင်မလိုပါဘူး (ဖရိုက်ရစ်)



ဘာစီလိုနာကို အနိုင်ယူဖို့ ရော်ဘင်မလိုပါဘူး (ဖရိုက်ရစ်)

ဂျာမနီလက်ရွေးစင်ဟောင်း ဖရိုက်ရစ်က ဘိုင်ယန်မြူးနစ်အနေဖြင့် ဘာစီလိုနာကို အနိုင်ယူရန် အာဂျန်ရော်ဘင်မပါလဲဖြစ်ကြောင်း
ပြောကြားသွားခဲ့သည်။

ဟော်လန်လက်ရွေးစင် ရော်ဘင်သည် ပြီးခဲ့သည့် ဂျာမန်ပိုကယ် ဖလားပွဲ ဒေါ့မွန်အသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ရော်ဘင်သည် ဒဏ်ရာထပ်မံရရှိသွားခဲ့သဖြင့်
ရာသီကုန်အထိ အနားယူရတော့မည် ဖြစ်သည်။ ထို့အပြင် ဒေါ့မွန်နှင့် ကစားခဲ့သော ပွဲစဉ်တွင် တိုက်စစ်မှုး လီဝမ်ဒေါ့စကီးသည်လည်း ဒဏ်ရာ ရရှိသွားသောကြောင့်
ဘာစီလိုနာနှင့် ပွဲစဉ်တွင် ပါဝင်ရန် ရာနှုန်းပြည့် မသေချာသေးကြောင်း Goal.com ကဖော်ပြသွားခဲ့သည်။

အဓိက ကစားသမားများ ဒဏ်ရာရနေသော်လည်း ဖရိုက်ရစ်က -
"ရော်ဘင်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦးပါ၊ ခုတော့ သူဒဏ်ရာရသွားပြီ၊ သူသာ ကစားနိုင်ရင် ဘိုင်ယန်အနိုင်ရဖို့ သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်"

ဆက်လက်ပြီး -
"ဒါပေမယ့်လည်း ကျွန်တော့်အထင်တော့ ဘိုင်ယန်မြူးနစ် အသင်းကပဲ ဗိုလ်လုပွဲတက်နိုင်ပါလိမ့်မယ်၊ ဘိုင်ယန်အသင်းဟာ အသင်းလိုက် ကစားပုံ ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်သလို၊
ဂျာမနီကလပ်တွေဟာ အရေးကြီးပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်လေ့ရှိပါတယ်၊ ကျွန်တော်ယုံကြည်ပါတယ် ရော်ဘင်မပါလည်း ဘိုင်ယန်အသင်းအနေနဲ့ ဖိုင်နယ်ကို တက်လှမ်း
နိုင်ပါလိမ့်မယ်" ဟု ပြောကြားသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့သည် ၂၀၁၂-၁၃ ခုနှစ် ဘောလုံးရာသီတွင် ရင်ဆိုင်ကြစဉ်က ဘိုင်ယန်မြူးနစ်က နှစ်ကျော့ပေါင်းရလာဒ် (၇-၀)ဖြင့် နောက်တစ်ဆင့် တက်သွားခဲ့ဖူးသည်။

#အောင်ဇော်လတ်(မိုးနဲ)
Ref: Goal.com

Football Cafe

0 comments:

Post a Comment