Wednesday, May 6, 2015
ဒရော့ဂ်ဘာကို စာချုပ်သစ် ချုပ်ဆိုရန် ချယ်ဆီးအသင်းအား တယ်ရီ တိုက်တွန်း
ဒရော့ဂ်ဘာကို စာချုပ်သစ် ချုပ်ဆိုရန် ချယ်ဆီးအသင်းအား တယ်ရီ တိုက်တွန်း
၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီးနောက် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာကို စာချုပ်သစ် ချုပ်ဆိုရန် အသင်းဘုတ်အဖွဲ့အား ချယ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက တိုက်တွန်း ပြောကြားခဲ့သည်။
အိုင်ဗရီကို့စ် ကစားသမားသည် ပြီးခဲ့သည့်နှစ်က စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ၂၇ ပွဲကစားခဲ့သော်လည်း ၇ ပွဲတွင်သာ ပွဲထွက် ကစားသမားအနေဖြင့် ပါဝင်ခဲ့ရသည်။
သို့သော်လည်း ချယ်ဆီးနှင့် မတ်လက စာချုပ်သစ်ချုပ်ဆိုခဲ့သည့် အသင်းခေါင်းဆောင် တယ်ရီက အသင်းအနေဖြင့် ရာသီကုန်တွင် လက်ရှိစာချုပ်ကုန်ဆုံးမည့် အသက် ၃၇ နှစ်အရွယ် ဒရော့ဂ်ဘာကို ဆက်လက်ထိန်းသိမ်းထားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။
“ဒီယေဂို ကော်စတာက ကွင်းထဲမှာ ပြေးလွှားပြီး ဂိုးအများကြီး သွင်းခဲ့တာကြောင့် သူ့အနေနဲ့ ပွဲကစားခွင့် အနည်းငယ်ပဲ ရခဲ့ပါတယ်။ ဒီဒီယာရဲ့ အတွေ့အကြုံက အသင်းအတွက် အများကြီး အကျိုးရှိပါတယ်။ အသင်းရှုံးနိမ့်ပြီး စိတ်ဓာတ်ကျနေချိန်မှာ သူက အသင်းဖော်တွေကို အားပေးပြီး စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်သူပါ။ လာမယ့်နှစ် ဘောလုံးရာသီမှာ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်” ဟု တယ်ရီက ပြောကြားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment