Pages

Subscribe:

Tuesday, May 5, 2015

လေဗာကူဆင် တိုက်စစ်မှူး ဆွန်ကို တစ်ကျော့ပြန် စိတ်ဝင်စား လာသည့် လီဗာပူးလ်



လေဗာကူဆင် တိုက်စစ်မှူး ဆွန်ကို တစ်ကျော့ပြန် စိတ်ဝင်စား လာသည့် လီဗာပူးလ်

တိုက်စစ်မှူးသစ် ရှာဖွေနေသည့် လီဗာပူးလ် အသင်းသည် ၎င်းတို့ တစ်ချိန်က ပစ်မှတ် ထားခဲ့ဖူးသည့် တောင်ကိုရီးယား လက်ရွေးစင် ဆွန်ဟောင်မင်ကို တစ်ကျော့ပြန် စိတ်ဝင်စားလာကြောင်း သိရှိရသည်။

ဂျာမန်ကလပ် ဘေယာလေဗာကူဆင်တွင် ကစားနေသည့် ဆွန်သည် ပေါက်ဈေး ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်မျှ သတ်မှတ်ထားဖွယ် ရှိနေသည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် အီတလီ လက်ရွေးစင် မာရီယို ဘာလော့တယ်လီကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေပြီး နွေရာသီတွင် တိုက်စစ်သမား နှစ်ဦးမျှ အသစ်ခေါ်ယူရန် လိုလားလျက် ရှိသည်။ ယင်းအခြေအနေတွင် အသက်(၂၂)နှစ် အရွယ်ရှိ ဆွန်သည် ရော့ဂျာ၏ ဦးစားပေး ပစ်မှတ်သဖွယ် ဖြစ်လာခဲ့သည်။

ဆွန်သည် ယခုရာသီ (၁၁)ဂိုး သွင်းယူပြီး လေဗာကူဆင်၏ ထိပ်တန်း ဂိုးသွင်းသူအဖြစ် ကာရင်မ် ဘီလာရာဘီနှင့် ပူးတွဲရပ်တည်နေသည်။ ဘီလာရာဘီကို လီဗာပူးလ်၏ မြို့ခံပြိုင်ဘက် အဲဗာတန်က စောင့်ကြည့်နေကြောင်း သိရသည်။ ဆွန်၏ အေးဂျင့် သီရစ် ဘီလိုင်မက်စတာက ဂျာမန်သတင်းစာ Bildနှင့် အင်တာဗျူးတွင် “လီဗာပူးလ်က ဆွန်ကို အကြိမ် တော်တော်များများ စောင့်ကြည့်နေတာ ကျွန်တော် သိပါတယ်။ ဒီရာသီအတွင်းမှာ ပိုပြီးတော့ အလေးထား လေ့လာမှုတွေ လုပ်လာတယ်။ သူ့ကို သူတို့အသင်း လူစာရင်းမှာ ထည့်သွင်းချင်နေပုံ ရပါတယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်သည် PSV အင်ဒိုဗန် တောင်ပံတိုက်စစ်မှူး မမ်ဖစ်ဒီပေးကို ခေါ်ယူနိုင်မည်ဟုလည်း ယုံကြည်မှုအပြည့် ရှိနေသည်။ ဒီပေးသည် ဆရာဟောင်း လူးဝစ်ဗန်ဂါးလ် ကိုင်တွယ်နေသည့် မန်ချက်စတာ ယူနိုက်တက်နှင့် နာမည်ထွက်ခဲ့သော်လည်း ယူနိုက်တက်က ၎င်းအတွက် တက်တက်ကြွကြွ လှုပ်ရှားမှု မရှိသည့်နောက် လီဗာပူးလ်က ပိုမို အရေးသာလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment