Pages

Subscribe:

Wednesday, May 6, 2015

ဆန်းချက်စ် ဂိုးတွေအများကြီးသွင်းယူခဲ့လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး (အာဆင်ဝင်းဂါး)



ဆန်းချက်စ် ဂိုးတွေအများကြီးသွင်းယူခဲ့လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး (အာဆင်ဝင်းဂါး)

ချီလီကစားသမားသည် ဟားလ်စီးတီး အသင်း ကို ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ယခုရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲ အားလုံးတွင် စုစုပေါင်း ၂၄ ဂိုး ထိ သွင်းယူပေးနိုင်ခဲ့ပြီး အာဆင်ဝင်းဂါး က ချီလီသား ကို ဂိုးများသွင်းယူ သူ ထက် အသင်းကို ထောက်ပံ့ပေးမည့်သူ အဖြစ်သာ မျှော်မှန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်း က အဝေးကွင်း မှာ ဟားလ် စီးတီး အသင်း ကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆန်းချက်စ် ကို အာဆင်ဝင်းဂါး က ချီးကျူး ပြောဆိုခဲ့ပါတယ်။

ဆန်းချက်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီ က ဘာစီလိုနာ အသင်းကနေ ပေါင် ၃၅ သန်း နဲ့ ပြောင်းရွှေ့လာပြီး နောက် ပရီးမီးယားလိဂ် မှာ ပျော်ရွှင်နေပြီး ဆန်းချက်စ် သည် အွန်နရီ နောက်ပိုင်း အာဆင်နယ် အသင်း အတွက် တရာသီအတွင်း ဂိုး ၂၀ ကျော်သွင်းယူပေးနိုင်သည့် ကစားသမားဖြစ်လာခဲ့ပါတယ်။

အာဆင်ဝင်းဂါး က ၂၆ နှစ်သား ရဲ့ အသင်းအပေါ် အကျိုးပြုမှု ကို ချီးကျူး ပြောဆိုခဲ့ပြီး ဝင်းဂါး က ဆန်းချက်စ် သည် ပုံမှန် ဂိုးများသွင်းယူပေးနိုင်မည့် သူမဟုတ်ဘူးလို့ ထင်မြင်ယူဆခဲ့ပါတယ်။

စကိုင်းစပေါ့ က ဆန်းချက်စ် ဟာ မျှော်မှန်းထားတာထက် ပိုမိုတဲ့ ကစားသမားတစ်ယောက်လားလို့ မေးတဲ့အခါ """ဟုတ်ပါတယ်၊ ဘာပြုလို့လဲဆိုတော့ သူ့ ကို ဂိုးသွင်းယူသူထက် ထောက်ပံ့ပေးသူ အဖြစ်သာ မျှော်မှန်းထားတာပါ၊ ကျွန်တော် သူ့ ကို တောင်ပံတွေမှာသာ ထားကစားစေခဲ့ပါတယ်၊ အဲဒီနေရာက ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးနည်းပါတယ်၊ သူ့မှာ အဆုံးသတ် ဖို့ အကောင်းဆုံးနေရာကို ရွေးချယ်နိုင်ပြီး အချိန် ကိုက် လှုပ်ရှားနိုင်စွမ်းရှိတယ်၊အလွန်ထူးချွန်တဲ့ အရည်အချင်း နဲ့ လျှင်မြန်တဲ့ ပြေးအားရှိတယ်""" လို့ အာဆင်ဝင်းဂါး က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆန်းချက်စ် ဟာ တစ်ဦးချင်း စွမ်းဆောင်ရည် ထူးချွန် သူ ဖြစ်သလို အာဆင်နယ် အသင်း က ဟားလ် စီးတီးအသင်း ကို အနိုင်ရရှိခဲ့ မှု စွမ်းဆောင်ရည် ကို လည်း ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်း ရဲ့ ယခုပွဲအနိုင် သည် ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲတွင် ၉ ပွဲအနိုင်ရရှိခဲ့ပြီး မန်စီးတီး အသင်း နှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

"""ကျွန်တော် အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်းကျေနပ်ပါတယ်၊ ဘာပြုလို့လဲဆိုရင် ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့လို့ပါပဲ ၊ ကျွန်တော်တို့ အခွင့် အရေးတွေလွဲချော်ခဲ့ပေမဲ့ အံသြဖွယ် နှစ်ဂိုး ကို လည်း သွင်းယူနိုင်ခဲ့ပါတယ်၊ အားလုံးကို ခြုံကြည့်ရင်တော့ အသင်းရဲ့ ပေါက်ကွဲအား/ စွမ်းဆောင်ရည် မြင့်မားမှု ကို မြင်တွေ့ခဲ့ရပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်""" လို့ အာဆင်ဝင်းဂါး က စကိုင်းစပေါ့ သို့ ပြောကြားခဲ့ပါတယ်။

#KS
Football Cafe

0 comments:

Post a Comment