Pages

Subscribe:

Tuesday, May 5, 2015

အက်ရှ်လေယန်းကို မန်ယူအသင်း သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်



အက်ရှ်လေယန်းကို မန်ယူအသင်း သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၅။        ။ မန်ယူအသင်းသည် တောင်ပံကစားသမား အက်ရှ်လေယန်းကို လာမည့် နွေရာသီတွင် သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည် ဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

အက်ရှ်လေယန်းသည် နယ်သာလန်နည်းပြ ဗန်ဟားလ်၏ လက်ထက်တွက် ခြေစွမ်းပြကစားနိုင်သော ကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ မန်ယူသို့ ဗန်ဟားလ်ရောက်ရှိချိန်က ယန်းမှာ ပထမဦးစားပေးကစားသမားအဖြစ် ကစားရခြင်း မရှိခဲ့ဘဲ ရုန်းကန်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် ဗန်ဟားလ်စေခိုင်း သည့်အတိုင်းနေရာများစွာ ပြောင်းလဲကစားကာ မန်ယူ၏ အားထားရသော ကစားသမား ဖြစ်လာခဲ့သည်။

ယန်းသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၂၀၀၀၀ ရရှိနေပြီး စာချုပ်သစ်တွင်လည်း ထိုပမာဏအတိုင်းသာ ဆက်လက် ခံစားခွင့်ရမည် ဖြစ်သည်။ လာမည့် ဇူလိုင်လတွင် အသက် ၃၀ ပြည့်တော့မည့် ယန်းသည် မန်ယူအသင်း၌ပင် ၎င်း၏ကစားသမားဘ၀ကို ကုန်ဆုံးလိုလျက်ရှိနေ သည်။

ထို့အပြင် ယန်းသည် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့် ရရှိရန် မျှော်လင့်နေဆဲဖြစ်ပြီး နည်းပြဟော့ဒ်ဆန်၏ ခေါ်ယူမှုကို စောင့်ဆိုင်းလျက်ရှိသည်။

ယန်းသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ယှဉ်ပြိုင်ခဲ့သော ယူကရိန်းနှင့်ပွဲစဉ်ပြီးကတည်းက အင်္ဂလန်အသင်းတွင် ချန်လှပ်ခံထားရခြင်းဖြစ်သည်။ အင်္ဂလန် အသင်းသည် လာမည့် ဇွန်လတွင် အိုင်ယာလန်၊ ဆလိုဗေးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment