Pages

Subscribe:

Thursday, May 7, 2015

ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်းလူစာရင်းမှ အော်စကာ ချန်လှပ်ခံရ



ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်းလူစာရင်းမှ အော်စကာ ချန်လှပ်ခံရ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၆ ။       ။ ဘရာဇီးအသင်းနည်းပြ ဒွန်ဂါသည် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မည့် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ချယ်လ်ဆီးကွင်းလယ် ကစားသမားအော်စကာ ချန်လှပ်ခံခဲ့ရပြီး ၀ါရင့်ကွင်းလယ်တိုက်စစ် ကစားသမားဟောင်းရော်ဘင်ဟိုပြန်လည် ပါဝင်လာခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ရော်ဘင်ဟိုသည် ဆန်းတို့စ်အသင်း တွင်ခြေစွမ်းပြ ကစားနိုင်သည့်အတွက် ဘရာဇီးအသင်း တွင်ပြန်လည်ရွေးချယ်ခံခဲ့ ရခြင်းဖြစ်သည်။

နည်းပြဒွန်ဂါ၏ ကစားသမားစာရင်းတွင် ဘာစီလိုနာတိုက်စစ်မှူး နေမာ၊ ပီအက်စ်ဂျီနောက်ခံ ကစားသမားများ ဖြစ်သည့် လူးဝစ္စနှင့် သီယာဂိုဆေးလ်ဗား၊ ၀ုဖ်ဘတ်ကွင်းလယ်လူ ဂူစတာဗို စသည့် အဓိက ကစားသမားများပါဝင်ခဲ့ကြပြီး ဒေါက်ဂလက်စ်ကော်စတာ၊ ဒီယေဂိုတာဒယ်လီ၊ ဖာမီနိုစသည့် မျက်နှာသစ် ကစားသမားများလည်း ပါဝင်ခဲ့သည်။

ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကော်တင်ဟိုသည်လည်း နည်းပြဒွန်ဂါ၏ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ချယ်လ်ဆီး ကွင်းလယ်လူအော်စကာသည် လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့သည့်အတွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

အော်စကာအနေဖြင့် လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် စတင်တော့မည့် ကိုပါအမေရိကဖလားပွဲကို ၀င်ရောက်ကစားနိုင်ဖွယ်မရှိကြောင်း ချယ်လ်ဆီးအသင်း ကပြောဆိုခဲ့သည်ဟု ဒွန်ဂါက ရှင်းလင်းခဲ့သည်။

'အော်စကာ ဒဏ်ရာက ပြန်လည်သက်သာလာဖို့ အချိန်ယူရပါလိမ့်မယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရဖို့ မရှိပါဘူး။ ကိုပါပြိုင်ပွဲ ကြီးပြီးသွားရင်တော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှိပါတယ်။ အဲ့ဒီအချိန်က သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်' ဟု ဒွန်ဂါက ပြောသည်။

ကိုပါအမေရိကဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် ပါဝင်ခွင့်မရသည့်အတွက် အလွန်ဝမ်းနည်းမိကြောင်းအော်စကာ ကပြောသည်။

ဘရာဇီးကစားသမားစာရင်း

ဂိုး - ဂျက်ဖာဆန်(ဘိုတာဖိုဂို)၊ ဒီယေဂိုအဲလ်ဗက်စ်(ဗလင်စီယာ)၊ မာဆယ်လိုဂရိုဟီ(ဘရာဇီး)

နောက် - ဒန်နီလို(ပေါ်တို)၊ ဖာဘင်ဟို(မိုနာကို)၊ ဖိလစ်ပီလူးဝစ္စ(ချယ်လ်ဆီး)၊ မာဆယ်လို(ရီးယဲလ်)၊ မီရန်ဒါ(အက်သလက်)၊ဒေးဗစ်လူးဝစ္စ(ပီအက်စ်ဂျီ)၊ သီယာဂိုဆေးလ်ဗား(ပီအက်စ်ဂျီ)၊ မာကွင်ဟို(ပီအက်စ်ဂျီ)

လယ် - ဂူစတာဗို(၀ုဖ်ဘတ်)၊အီးလီးယက်စ်(ကိုရင်သီယန်)၊ ဖာနန်ဒင်ဟို(မန်စီးတီး)၊ကာဆီမီယို(ပေါ်တို)၊ကော်တင်ဟို(လီဗာပူးလ်)၊ ရီဘာရီယို (အယ်လ်အာလီ) ၊၀ီလျံ(ချယ်လ်ဆီး)၊ ဒေါက်ဂလက်စ်ကော်စတာ(ပေါ်တို)

ရှေ့ - နေမာ(ဘာစီလိုနာ)၊ ရော်ဘင်ဟို(ဆန်းတို့စ်)၊ တာဒယ်လီ(Shendong Luneng)၊ ဖာမီနို(ဟော့ဖင်ဟိန်း)

Ref: BBC

Mizzima

0 comments:

Post a Comment