Pages

Subscribe:

Saturday, May 2, 2015

ဝက်စ်ဘရွန်း နဲ့ ပွဲအတွက် ရွန်းနီ ပြန်လည်ကြံခိုင်လာပြီ



ဝက်စ်ဘရွန်း နဲ့ ပွဲအတွက် ရွန်းနီ ပြန်လည်ကြံခိုင်လာပြီ

မနက်ဖြန် ဝက်စ်ဘရွန်း နဲ့ ကစားမည့် ပွဲတွင် ဝိန်းရွန်းနီ ပြန်လည်ကြံ့ခိုင်လာပြီး ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြလူးဝစ်ဗန်ဂါးလ် က ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းခေါင်းဆောင် သည် ပြီးခဲ့သည့် သီတင်းပတ် က ဂွတ်ဒီဆင်ပတ်ခ် မှာ အဲဗာတန် ကို ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲမှာ ဒူးခေါင်း ဒဏ်ရာရရှိခဲ့ပြီး ၈၈ မိနစ်မှာ ရော်ဘင်ဗန်ပါစီ နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါပေမဲ့ အပတ်စဉ် ပြုလုပ်သည့် အင်တာဗျူး မှာ ဗန်ဂါး က သူ့တိုက်စစ်မှူး ရဲ့ သတင်းကောင်းကို ပြောကြားခဲ့ပါတယ်။

ဗန်ပါစီ နဲ့ ဖီးလ်ဂျုံး တို့ လည်း ဒဏ်ရာမှ သက်သာလာပြီး ရွေးချယ်နိုင်မည်ဖြစ်ပြီး ကာရစ်၊ အီဗန် နဲ့ လုခ်ရှော တို့ကတော့ ပါဝင်နိုင်မည် မဟုတ်ဘူးလို့ ဗန်ဂါးလ် က ပြောကြားခဲ့ပါတယ်။

"""ရွန်းနီကစားဖို့ကြံ့ခိုင်နေပါပြီ၊ ကျွန်တော်တို့မျှော်မှန်းထားသလောက်မဆိုးပါဘူး၊ ဝိန်း ဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ကျွန်တော် အလွန်ပျော်ရွှင်နေပါတယ်""" လို့ မန်ယူ နည်းပြ လူးဝစ်ဗန်ဂါးလ် က ပြောကြားခဲ့ပါတယ်။

#KS

Football Cafe

0 comments:

Post a Comment