Pages

Subscribe:

Sunday, April 19, 2015

ပွဲအပြီး ဗန်ဟာလ်းနဲ့ BBC အမေးအဖြေ



ပွဲအပြီး ဗန်ဟာလ်းနဲ့ BBC အမေးအဖြေ
==========================
မန်ချက်စတာယူနိုက်တက် အသင်းဟာ ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ 1-0 နဲ့ ရှုံးနိမ့်ခဲ့အပြီး ပွဲအပြီးမှာ BBC သတင်းထောက်က နည်းပြ ဗန်ဟာလ်း ကို ပြိုင်ပွဲအပေါ်ထင်မြင်ချက် သုံးသပ်ချက်ကို မေးမြန်းထားပါတယ်။

BBC ။ ။လူးဝဇ် ခင်ဗျားအနေနဲ့ ဒီနေ့ပွဲမှာ ကံမကောင်းခဲ့ဘူးလို့ ခံစားရလား။
ဗန်ဟာလ်း ။ ။ကျွန်တော့် ဖီလင်က အရေးမကြီးပါဘူး။

BBC ။ ။မဟုတ်ဘူးလေ၊ တကယ်ဆို ခင်ဗျားရဲ့ အသင်းက ချဲလ်ဆီးဘက်ခြမ်း တစ်ဝက်လောက်ထိကို စိုးမိုးခဲ့တာပဲလေ၊ အနည်းဆုံးတော့ ရလဒ်ကောင်း ထွက်ခဲ့သင့်တာပေါ့။
ဗန်ဟာလ်း ။ ။အဲ့ဒါနဲ့ ပါတ်သတ်ပြီး ပြောစရာ မရှိပါဘူး။ အနိုင်အရှုံးက ဂိုးသွင်းတာနဲ့ ဆုံးဖြတ်တာပဲလေ။ အဲ့ဒါကြောင့် ဒီနေ့မှာ သူတို့အတွက် အကောင်းဆုံး ဖြစ်သွားခဲ့ပါတယ်။

BBC ။ ။ ဒီနေ့ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အားမရတာ မကြိုက်တာများ ရှိလား?
ဗန်ဟာလ်း ။ ။ကျွန်တော့အသင်းအပေါ်မှာ ဘယ်တော့မှ အဲ့လို မထင်ခဲ့ပါဘူး၊ သူတို့အတွက် အမြဲ ဂုဏ်ယူခဲ့တာချည်းပါပဲ။

BBC ။ ။ဒီလိုမျိုး ရှုံးသွားတာကြတော့ကော?
ဗန်ဟာလ်း ။ ။ဒါပေမယ့် ဒီနေ့ကစားတာဟာ ဒီရာသီရာသီရဲ့ အကောင်းဆုံး ပွဲပါ။

BBC ။ ။အဲ့ဒါဆို ဒီပွဲက မန်ယူရဲ့ ပါဖောင်းမန့် အမြင့်ဆုံးပွဲလား?
ဗန်ဟာလ်း ။ ။အင်းလေ ခင်ဗျား လဲမြင်တာပဲ။

BBC ။ ။မဟုတ်ဘူး၊ ကျွန်တော် စိတ်ဝင်စားတာက ခင်ဗျားရဲ့ အမြင်ကိုပါ။
ဗန်ဟာလ်း ။ ။အိုခေ ကောင်းပါပြီ။

BBC ။ ။ဒီနေ့ပွဲမှာ ၀ိန်းရူနီကို အလယ်တန်းပို့ထားတာ အပါအ၀င် ခင်ဗျားအနေနဲ့ အပြောင်းအလဲတွေ ဘာလို့ လုပ်ခဲ့တာလဲ?
ဗန်ဟာလ်း ။ ။ကျွန်တော့အသင်း ဒီနေ့ ကစားပုံဟာ ဒီနေ့အတွက် ကမ္ဘာ့အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ခုနက ကျွန်တော် ပြောလိုက်တာဟာ ခင်ဗျား မေးတဲ့ မေးခွန်းကို ဖြေပြီးသားပါပဲ။

BBC ။ ။ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ အဲ့ဒါ ပင်နတီ လို့ ခင်ဗျားထင်လား?
ဗန်ဟာလ်း ။ ။ကျွန်တော့အနေနဲ့ ပြောရရင် ဒါဟာ ဒိုင်ပေါ်ပဲ မူတည်မှာပါ။ခင်ဗျားလဲ တီဗီကကြည့်နိုင်တာပဲလေ၊ ပြန်ကြည့်ပေါ့။

BBC ။ ။ဂျွန်တယ်ရီ ဖယ်ကာ အိုအပေါ်မှာ အ၀င်ကြမ်းခဲ့ပြီး အဲ့ဒီဘောလုံးဟာ ဒိုင်က ဖောင်းဘောမပေးခဲ့ရာကစပြီး ဟာဇတ်ရဲ့ ဂိုးကို အထောက်အပံ့ဖြစ်သွားခဲ့တယ်။ အဲ့ဒီအပေါ်မှာ ဘာပြောချင်လဲ? ဘယ်လိုထင်လဲ?
ဗန်ဟာလ်း ။ ။ခင်ဗျား အဲ့ဒါကို သိလိုက်လား? အိုခေ!

BBC ။ ။ Thanks, Louis.

#မောရစ်

Football Cafe

0 comments:

Post a Comment