Tuesday, April 14, 2015
ဝီလ်ရှီးယား ဒဏ်ရာများမှ ပြန်လာပြီ
ဝီလ်ရှီးယား ဒဏ်ရာများမှ ပြန်လာပြီ
အင်္ဂလန် ကွင်းလယ် လူ ဂျက်ဝီလ်ရှီးယား သည် ပြီးခဲ့တဲ့ နိုဝင်ဘာ ကတည်း က ဒဏ်ရာကြောင့် နားနေခဲ့ရာမှ ရီးဒင်း နှင့် ကားခဲ့သည့် အာဆင်နယ် လူငယ် အသင်းတွင် ၈၈ မိနစ် ပါဝင် ကစားခဲ့ပြီး ခြေချင်းဝတ် ဒဏ်ရာ မှာ သက်သာလာပြီဖြစ်ပါတယ်။
ဂျက် သည် ဒဏ်ရာ မှ သက်သာလာပြီး အမ်းမရိတ် မှာ ကစားသည့် ရီးဒင်း နဲ့ ပွဲမှာ အာဆင်နယ် ယူ ၂၁ အသင်းအတွက် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
ဒီ ၂၃ နှစ်သားသည် ယခုရာသီ တွင် ဒဏ်ရာကြောင့် အာဆင်နယ် ရဲ့ ပွဲအတော်များများ ကို လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ကလည်း ခြေချင်းဝတ် ဒဏ်ရာ ခွဲစိတ် ကုသခဲ့ရပါတယ်။
ဝီလ်ရှီးယား ဟာ ဂလင်းကာမရာ နှင့် လူစားမလဲခင် ၈၈ မိနစ် အထိ ပါဝင်ကစားခဲ့ပြီး ဒဏ်ရာအခြေအနေ မှ ပြန်လာနိုင်ခဲ့တဲ့ အတွက် မြောက်ပိုင်းလန်ဒန် အသင်းအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။
အာဆင်နယ် ပထမ အသင်းကြီးမှာ ပြန်လာနိုင်ဖို့ အတွက် အဘူဒီယာဘီ နှင့် ဆာ့ဂ်ျ ဂျီနာဘရီ တို့ နှစ်ယောက်လည်း ပါဝင်ကစားခဲ့ကြပြီး သူတို့ရဲ့ကြံ့ခိုင်ရေးအတွက် ကြိုးစားနေကြပါတယ်။
ထိုပွဲတွင် ရီးဒင်း အသင်းသည် ၈ မိနစ် တွင် သွင်းယူခဲ့သော နေးလ်ကီးအွန် ရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
#KS
Football cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment