Pages

Subscribe:

Thursday, April 16, 2015

ပီတာဆက် နွေရာသီ တွင် ပီအက်စ်ဂျီ သို့ပြောင်းမည် (ရေးဝီလ်ကင်စ်)




ပီတာဆက် နွေရာသီ တွင် ပီအက်စ်ဂျီ သို့ပြောင်းမည် (ရေးဝီလ်ကင်စ်)

ချယ်ဆီးဂိုးသမား ပီတာဆက် သည် အပြောင်းအရွှေ့ တံခါးဖွင့်ချိန်တွင် ပီအက်ဂျီ အသင်းသို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်ကြောင်း ချယ်ဆီး လက်ထောက် နည်းပြဟောင်း ရေးဝီလ်ကင်စ် ကပြောကြားခဲ့ပါတယ်။

ချယ်ဆီး ပရိတ်သတ် အချစ်တော် ပီတာဆက် သည် အက်သလက်တီကို မက်ဒရစ် မှ ပြန်လည်ရောက်ရှိလာသော ကော်တိုးရစ် ကြောင့် ပွဲထွက်ခွင့် အကန့်အသတ် ဖြင့်သာ ကစား နေပြီး အခွင့်အရေးများ ဆုံးရှုံးခဲ့ရပါတယ်။

၃၂ နှစ်သား ကို ခေါ်ယူရန် ဥရောပ အသင်းကြီး အတော်များများက ခေါ်ယူရန် ချိတ်ဆက်ခဲ့ကြပြီး အာဆင်နယ် နှင့် အင်တာမီလန် အသင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီ အသင်းက ဆက် ကို ခေါ်ယူရန် အနိုင်ရရှိ ခဲ့ပါတယ်။

ဝီလ်ကင်စ် သည် ပြင်သစ် ကလပ် အသင်း က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပီတာဆက် သည် လာမည့် နွေတွင် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ ကစားတော့မှာဖြစ်တယ်လို့ beIN Sport သို့ မှတ်ချက်ပေးပြောကြားခဲ့တာဖြစ်ပါတယ်။

#KS
Football Cafe

0 comments:

Post a Comment