Saturday, April 4, 2015
လက်ရှိ အသက်အရွယ်တွင် ပရီးမီးယားလိဂ်သို့ ဟမ်မဲလ်စ် ပြောင်းရွှေ့သင့်ဟု ဘက်ကင်ဘောင်ဝါ ထောက်ခံ
လက်ရှိ အသက်အရွယ်တွင် ပရီးမီးယားလိဂ်သို့ ဟမ်မဲလ်စ် ပြောင်းရွှေ့သင့်ဟု ဘက်ကင်ဘောင်ဝါ ထောက်ခံ
မတ်စ်ဟမ်မဲလ်စ်၏ အသက်အရွယ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ အခြေချရန် အသင့်တော်ဆုံး ဖြစ်နေပြီဟု ဂျာမန်ဂန္ထဝင် ကစားသမားဟောင်းကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မှတ်ချက်ပြု ပြောကြားလိုက်သည်။
အသက်(၂၆)နှစ် အရွယ်ရှိ ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံလူသည် မန်ချက်စတာ ယူနိုက်တက်၏ အဓိက ပစ်မှတ်အဖြစ် ရှိနေပြီး ယခုရာသီ အကုန်တွင် လက်ရှိကလပ် ဘိုရပ်ရှား ဒေါ့တ်မန်ကို စွန့်ခွာဖြစ်မည်ဟု သတင်းကြီးနေသည်။ ယူနိုက်တက်နှင့် ဟမ်မဲလ်စ်တို့၏ သတင်းများ အားကောင်းကောင်း ထွက်ပေါ်နေချိန်တွင် ဘက်ကင်ဘောင်ဝါကလည်း ဟမ်မဲလ်စ်အား လက်ရှိ အချိန်တွင် ပရီးမီးယားလိဂ်သို့ ကူးပြောင်းရန် အကြံပြု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ “အသက်(၂၆)နှစ် အရွယ်ဟာ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ဟမ်မဲလ်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံး အခြေအနေပဲ။ သူ့အတွေးကို ကျွန်တော် ကောင်းကောင်းကြီး နားလည်ပေးနိုင်တယ်”ဟု ဘက်ကင်ဘောင်ဝါက Bildနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးခဲ့သည်။
ဘက်ကင်ဘောင်ဝါသည် ဘိုင်ယန်မြူးနစ် အသင်းတွင် (၁၃)နှစ်တိုင်တိုင် ကစားခဲ့သော်လည်း မိမိအသက် (၂၆)နှစ် အရွယ်က အင်တာမီလန်သို့ ကူးပြောင်းရန် အလေးအနက် စဉ်းစားမိခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။ “(၁၉၆၆)ခုနှစ်တုန်းက ကျွန်တော် အင်တာနဲ့ အကြိုစာချုပ်တောင် လက်မှတ်ထိုးခဲ့ပြီးပြီ။ ဒါပေမဲ့ အဲဒီနောက်မှာ အီတလီက နိုင်ငံခြားသားတွေအတွက် နယ်နိမိတ်ကို ပိတ်ပစ်လိုက်တယ်။ ကျွန်တော်လည်း အီတလီကို မပြောင်းဖြစ်တော့ဘူး။ (၁၉၆၆)ခုနှစ်၊ ကမ္ဘာ့ဖလား မတိုင်ခင်က ကျွန်တော် အင်တာနဲ့ ယူရို လေးသိန်းခွဲတန် စာချုပ်ကို အကြို သဘောတူ လက်မှတ်ထိုးထားပြီးသားပါ။ အဲဒီခေတ်ကတော့ တကယ့်ကို များပြားတဲ့ ငွေပမာဏပေါ့။ အဲဒီကာလတုန်းက ဒီငွေကြေးမျိုးကို အီတလီ ကလပ်တွေပဲ ပေးနိုင်တယ်။ အီတလီက ဘောလုံးရင်းမြစ် နိုင်ငံကြီး တစ်ခု ဖြစ်နေတာလေ”ဟုလည်း ဘက်ကင်ဘောင်ဝါက ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment