Thursday, April 2, 2015
ပေါ့ဂ်ဘာကို ခေါ်ယူလိုသော အသင်းများတွင် ဘာစီလိုနာ ပါဝင်နေဟု နက်ဗက် အတည်ပြု
ပေါ့ဂ်ဘာကို ခေါ်ယူလိုသော အသင်းများတွင် ဘာစီလိုနာ ပါဝင်နေဟု နက်ဗက် အတည်ပြု
ပေါလ်ပေါ့ဂ်ဘာကို ခေါ်ယူလိုသော အသင်းများတွင် ဘာစီလိုနာလည်း အပါအဝင်ဖြစ်ကြောင်း ဂျူဗင်းတပ်စ် အသင်းဒါရိုက်တာ ပေဗယ်လ်နက်ဗက်က ပြောကြားလိုက်သည်။
ဂျူဗင်းတပ်စ်နှင့် ချက်လက်ရွေးစင် အသင်းတို့၏ ဂန္ထဝင် ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်ခဲ့သည့် နက်ဗက်က အသက်(၂၂)နှစ် အရွယ်ရှိ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် စပိန် ကလပ်က စုံစမ်းချဉ်းကပ်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ပေါ့ဂ်ဘာသည် (၂၀၁၂)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်မှ ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ခဲ့သည့် နောက်ပိုင်း ခြေစွမ်း တောက်လျှောက် မြင့်တက်လာသူ ဖြစ်သည်။ လတ်တလောတွင် ပေါ့ဂ်ဘာကို အသင်းဟောင်း ယူနိုက်တက်အပြင် ချယ်လ်ဆီး၊ မန်ချက်စတာစီးတီးစသည့် ပရီးမီးယားလိဂ် ထိပ်သီးများက စိတ်ဝင်စားလျက် ရှိသည်။
နက်ဗက်က “ပေါ့ဂ်ဘာကို စိတ်ဝင်စားနေတဲ့ အသင်းကြီးတွေ အများကြီး ရှိနေမှန်း ကျွန်တော်တို့ သိပါတယ်။ ဘာစီလိုနာ အပါအဝင်ပေါ့။ ဘာပဲဖြစ်ဖြစ် ပေါ့ဂ်ဘာဟာ အခုအချိန်မှာ ကျွန်တော်တို့နဲ့ စာချုပ်ထားတဲ့ ကစားသမားပါ”ဟု ဆိုသည်။ နက်ဗက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ဘာစီလိုနာ အသင်းနှင့် မတွေ့ဆုံခဲ့ရသဖြင့် ပျော်ရွှင်မိကြောင်းလည်း ဝန်ခံခဲ့သည်။ “ကွာတားမှာတော့ ဘာစီလိုနာနဲ့ မတွေ့ချင်သေးဘူး။ သူတို့ဟာ ဥရောပရဲ့ အကောင်းဆုံး နှစ်သင်းမှာ အပါအဝင် ဖြစ်တယ်။ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့အတူ ရေပန်းစားနေတဲ့ အသင်းပါ။ အခုဆို ဘာစီလိုနာဟာ လီယွန်နယ်မက်ဆီ၊ နေမာ၊ လူးဝစ်ဆွာရက်ဇ်တို့နဲ့အတူ တိုက်စစ်ပိုင်းက ခန့်မှန်းလို့ မရနိုင်လောက်အောင် အားကောင်းလာပြီ။ မန်စီးတီးနဲ့ပွဲမှာ သူတို့ ကစားပြသွားပုံက သက်သေပါပဲ”ဟု နက်ဗက်က ပြောဆိုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment