Pages

Subscribe:

Saturday, April 18, 2015

ချယ်ဆီး နှင့်ပွဲ တွင် လွဲချော်ဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများ ရဲ့ ဒဏ်ရာရကစားသမားစာရင်း



ချယ်ဆီး နှင့်ပွဲ တွင် လွဲချော်ဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများ ရဲ့ ဒဏ်ရာရကစားသမားစာရင်း

မနက်ဖြန် စတမ်းဖို့ဘရစ်သို့သွားရောက်ကစားရမည့်ပွဲအတွက် လူးဝစ်ဗန်ဂါးလ် သည် အဓိက ကစားသမားမျာ ဒဏ်ရာရှိမှုများနှင့် ရင်ဆိုင်နေရပါတယ်။

ဗန်ဂါးလ် ရဲ့မန်ယူ အသင်းသည် အဓိက ကစားသမား လေးယောက်မပါပဲ ချယ်ဆီး အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။မိုက်ကယ် ကာရစ် နဲ့ ရိုဂျို တို့ လွဲချော်ခဲ့ပြီး ဖြစ်သလို ဒါလေဘလင့် နဲ့ ဖီးလ်ဂျုံး တို့လည်း ပါဝင်နိုင်မည် မဟုတ်ပါဘူး။

ဂျွန်နီ အီဗန် ကလည်း ပွဲပယ် ခံထားရသဖြင့် နောက်တန်း အင်အားနည်းနေပြီး ကာရစ် မပါဝင် နိုင်သဖြင့် အသင်းခေါင်းဆောင် ဝိန်းရွန်းနီ ကွင်းလယ်ကို ဆင်းကစားရဖွယ် ရှိပါတယ်။

ကာရစ် က ခြေသလုံးကြွက်သားဒဏ်ရာရရှိနေပြီး ရိုဂျို က တော့ ခန္ဓာကိုယ်ရဲ့ကြွက်သားများ နာကျင်နေပါတယ်။ ဘလင့် နဲ့ ဖီးဂျုံး တို့ကတော့ ခြေချင်းဝတ် မှာ ပြသနာ ရှိနေပါတယ်။

""" ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ ပွဲမှာ ဒဏ်ရာရှိခဲ့တဲ့ ကစားသမား ၄ ယောက်ရှိနေသောကြောင့် ကောင်းတဲ့ အခြေအနေမဟုတ်ပါဘူး၊ သူတို့ထဲက နှစ်ယောက် လောက်တော့ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ကားရစ် နဲ့ ရိုဂျို တို့ကတော့ လွဲချော်ခဲ့ပါပြီ၊ ဒါဟာ ဆိုးရွားတဲ့ အခြေအနေပါပဲ၊ ဘာပြုလို့လဲဆိုရင် ရိုဂျို နဲ့ ဂျုံး က ဘယ်ဖက်အလယ်နောက်ခံလူ အနေနဲ့ကစားနိုင်ကြပါတယ်၊ အီဗန် က ပွဲပယ် ပစ်ဒဏ်ကျခံနေရပါတယ်၊ ဒါကြောင့် မနက်ဖြန်အတွက်တော့ ပြသနာ တစ်ခုပါပဲ၊ ဘလင့် နဲ့ ကားရစ် က ကွင်းလယ်ဗဟို မှာ ကစားနိုင်ပါတယ်၊ ဒါကြောင့် အဲဒီနေရာ မှာ ကျွန်တော့် အတွက် အခြားရွေးချယ်စရာ မရှိပါဘူး၊ ဒါကြောင့် ဖြစ်နိုင်တာကတော့ ကျွန်တော် ရွန်းနီ ကို အဲဒီနေရာ မှာ ထားကစားရပါလိမ့်မယ်၊ လက်ရှိအခြေအနေ က တခြားကစားသမားတွေ ကို အခွင့်အရေး ရစေမှာ ဖြစ်ပါတယ်၊ ပုံမှန် အားဖြင့်တော့ သူတို့မှာ ကစားဖို့ အခွင့်အရေး ရှိမယ်ဆို ရင် ကစားသမားတွေ ကို ကျွန်တော့် ရဲ့ လူစာရင်းထဲမှာ အမြဲထည့်သွင်းကစားစေပါတယ်၊ ဒါကြောင့် မာတာ ကစားရလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်""" လို့ လူးဝစ်ဗန်ဂါးလ် က ချယ်ဆီး အသင်း နှင့် ပွဲမတိုင် မီ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

#KS
Football Cafe

0 comments:

Post a Comment