Saturday, April 4, 2015
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဆောက်သမ်တန် မျှော်လင့်ခွင့် နည်းလွန်းကြောင်း ကိုးမန်းဝန်ခံ
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဆောက်သမ်တန် မျှော်လင့်ခွင့် နည်းလွန်းကြောင်း ကိုးမန်းဝန်ခံ
ဆောက်သမ်တန် အနေဖြင့် ယခုရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ရန် လက်တွေ့ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း မန်နေဂျာ ရော်နယ်လ်ကိုးမန်းက ဝန်ခံ ပြောကြားလိုက်သည်။
ဆောက်သမ်တန်သည် လက်ရှိရာသီတွင် ခြေစွမ်းပြ ကစားနေနိုင်ပြီး အမှတ်ပေးဇယား အဆင့်(၆)တွင် ရပ်တည်နေသည်။ ၎င်းတို့သည် ချန်ပီယံလိဂ် ဝင်ခွင့်သတ်မှတ်ချက် နေရာဖြစ်သည့် အဆင့်(၄)မှ မန်ချက်စတာ ယူနိုက်တက်နောက် (၆)မှတ် အကွာမှ ရပ်တည်လျက်ရှိပြီး ယနေ့ညတွင် အဲဗာတန်ကို အဝေးကွင်း၌ သွားကစားရမည် ဖြစ်သည်။ နယ်သာလန်သား မန်နေဂျာကို သတင်းထောက်များက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ထားမှု ရှိမရှိ မေးမြန်းရာ ကိုးမန်းက ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း ဖြေကြားခဲ့သည်။
“လက်တွေ့ကျကျ ပြောရအောင်။ ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုတာ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲပါတယ်။ ဒီအပိုင်းကို မျှော်မှန်းဖို့က ကျွန်တော်တို့နဲ့ ကွာဟမှုတွေ အကြီးကြီး ရှိနေတယ်။ တကယ်လို့ ကျွန်တော်တို့ နောက်ထပ် နှစ်ပွဲ၊ သုံးပွဲလောက် ဆက်နိုင်လိုက်ရင်တော့ ဒီအတွက် ရည်ရွယ် တိုက်ပွဲဝင်နိုင်မှာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ကစားဖို့ ဆိုတာက အသင်းကြီး ဖြစ်ရမယ် ဆိုတာထက်ကို ပိုတဲ့ တောင်းဆိုမှုမျိုးပါ။ ကျွန်တော်တို့ လက်ကျန်ရှစ်ပွဲကို ဗိုလ်လုပွဲလို သဘောထား ကစားရပါမယ်။ တကယ်လို့ ဆောက်သမ်တန်သာ ဥရောပ ပြိုင်ပွဲတွေမှာ ကစားခွင့် ရလာခဲ့မယ် ဆိုရင်တော့ အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်”ဟု ကိုးမန်းက ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment