Sunday, April 19, 2015
အဆင့်လေးအတွင်း မဝင်ပါက ထုတ်ပယ်ခံရနိုင်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီ ဝန်ခံ
အဆင့်လေးအတွင်း မဝင်ပါက ထုတ်ပယ်ခံရနိုင်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီ ဝန်ခံ
Written by အောင်ငြိမ်းသွေး
(အင်္ဂလန်)။ ။ ရာသီအဆုံးတွင် မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြ ပယ်လီဂရီနီက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်သည်။
မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းအသင်းနှင့် မယှဉ်ပြိုင်မီ အချိန်အထိ နောက်ဆုံးပွဲစဉ် ငါးပွဲတွင် လေးပွဲအထိရှုံးနိမ့်ခဲ့ရသည်။ လက်ရှိအချိန်တွင် မန်စီးတီးအသင်းမှာ အဆင့်လေးနေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရလျက်ရှိသည်။
'မန်စီးတီးအသင်းမှာ ချန်ပီယံဆုမရရင် ထုတ်ပယ်ခံရမယ်လို့ ခင်ဗျားတို့ထင်ရင် မှားယွင်းပါလိမ့်မယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တော့ ထုတ်ပယ်ခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေနှစ်ခုက ကွဲပြားခြားနားလို့ပါ။ ချန်ပီယံလိဂ်မှာ ကစားခွင့် မရဘူးဆိုရင် ကံဆိုးမိုးမှောင်ကျတာပါပဲ။ ကွဲပြားခြားနားတဲ့ ရာသီတစ်ခု ဖြစ်သွားပါလိမ့်မယ်' ဟု ပယ်လီဂရီနီက ပြောသည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် ဒေါ့တ်မွန်အသင်းနည်းပြ ဂျာဂင်ကလော့ပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ မန်စီးတီးအသင်းသည် မန်စီနီအသင်းမှ ထွက်ခွာသွားစဉ် အချိန်ကတည်းက ဂျာဂင်ကလော့ပ်ကို ခေါ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး နည်းပြဘက်မှ ငြင်းပယ်ခဲ့ခြင်းကြောင့် မခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
REF : dailymail
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment