Thursday, May 7, 2015
မလေးရှားကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း ဆီမီးတက်
မလေးရှားကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း ဆီမီးတက်
Written by ရဲရင့်ဋ္ဌေး
၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှာ အုပ်စုနောက်ဆုံး ပွဲတွင် မလေးရှားအမျိုးသမီးအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်းဒုတိယပွဲတွင် ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုး၊နောက် ဆုံးပွဲတွင် မလေးရှားအသင်းကို ၄-၀ ဂိုးတို့ဖြင့်အနိုင်ရကာ ရမှတ်ခြောက်မှတ် ဖြင့် ဆီမီးတက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းပါဝင်သော အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းက သုံးပွဲကစား သုံးပွဲစလုံးအနိုင်ရကာ အုပ်စု ပထမ၊ မြန်မာအသင်းက ရမှတ်ခြောက် မှတ်ဖြင့် အုပ်စု ဒုတိယ၊ ဖိလစ်ပိုင်အသင်းက ရမှတ် သုံးမှတ်ဖြင့် အုပ်စု တတိယ၊ မလေးရှားအသင်းက အမှတ်မရရှိပဲ အုပ်စုအောက်ဆုံးတွင် ရပ်တည်နိုင်ခဲ့ သည်။
အုပ်စု(က)တွင် သြစတြေးလျယူ-၂၀အသင်းက အုပ်စုပထမ၊ ထိုင်းအသင်းက အုပ်စု ဒုတိယ၊ လာအိုအသင်းက အုပ်စု တတိယ၊ အင်ဒိုနီးရှားအသင်းက အုပ်စုအောက်ဆုံးတွင် ရပ်တည်ခဲ့သည်။
မြန်မာအသင်းမှာ အုပ်စု ဒုတိယသာရရှိခဲ့သည့်အတွက် ဆီးမီးဖိုင်နယ်တွင် သြစတြေးလျအသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်အသင်းမှာ ထိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေလ ၈ ရက်တွင် ကစားမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃း၃၀နာရီတွင် သြစတြေးလျ-မြန်မာ၊ ည ၇း၃၀နာရီတွင် ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ ကစားမည်ဖြစ်သည်။
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment