Pages

Subscribe:

Thursday, May 7, 2015

နေရှင်နယ်လိဂ် လူငယ် အမှတ်ပေးဇယားကို ရတနာပုံအသင်း ပြန်လည်ဦးဆောင်



နေရှင်နယ်လိဂ် လူငယ် အမှတ်ပေးဇယားကို ရတနာပုံအသင်း ပြန်လည်ဦးဆောင်
Written by  သောကြာ

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ ပွဲစဉ်များကို မေ ၄၊ ၅ ရက်က ဆက်လက် ကျင်းပခဲ့ပြီး ပွဲစဉ် ၁၁ အပြီးတွင် ရတနာပုံ လူငယ်အသင်းက အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်သွားခဲ့သည်။

ပွဲစဉ် ၁၀ အပြီးထိ ရန်ကုန်လူငယ်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့သော်လည်း ပွဲစဉ် ၁၁ အပြီးတွင် ရတနာပုံအသင်းက ခုနစ်ပွဲနိုင်၊ သုံးပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခဲ့ခြင်းဖြစ် သည်။

ဒုတိယနေရာမှ ရန်ကုန်အသင်းမှာ ခုနစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၂၃ မှတ် ရရှိထားသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄၊ ၅ နေရာများတွင် ဟံသာဝတီအသင်း၊ ဇေယျာရွှေမြေအသင်းနှင့် MFF Youth အသင်းတို့က ရမှတ် ၁၇ မှတ်စီ ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

ပွဲစဉ် ၁၁ တွင် ရတနာပုံအသင်းက နေပြည်တော်အသင်းကို ၅-၁ ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းက ဧရာဝတီအသင်းကို ၄-၁ ဂိုး၊MFF Youth အသင်းက မကွေး အသင်းကို ၂-၀ ဂိုး၊ မနောမြေအသင်းက ချင်းယူနိုက် တက်အသင်းကို ၆-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့မှာ ဂိုးမရှိသရေ ၊ဇေယျာရွှေမြေ အသင်းနှင့် ကမ္ဘောဇအသင်းတို့မှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

ပွဲစဉ် ၁၂ ပွဲစဉ်များကို လာမည့် မေ ၁၁၊ ၁၂ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ကမ္ဘောဇအသင်းနှင့် မနောမြေအသင်း၊ ဟံသာဝတီအသင်းနှင့် မကွေး အသင်း၊ ချင်း ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်း၊ နေပြည်တော်အသင်းနှင့် ဇွဲကပင် အသင်း၊ ရန်ကုန် အသင်းနှင့် MFF Youth အသင်းတို့ ကစားကြမည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment