Pages

Subscribe:

Tuesday, May 5, 2015

ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး ဆက်ဘ်တာအူရီကို ယူနိုက်တက် ခေါ်ယူနိုင်ရန် နီးစပ်နေ



ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး ဆက်ဘ်တာအူရီကို ယူနိုက်တက် ခေါ်ယူနိုင်ရန် နီးစပ်နေ

ဘယ်လ်ဂျီယံ လူငယ် လက်တက် ဂိုးသမားလေး အိုင်လီရက်စ် မူသာ ဆက်ဘ်တာအူရီကို တော့တင်ဟမ် ဟော့စပါးထက် အသာ စီးယူပြီး မန်ချက်စတာ ယူနိုက်တက်က စာချုပ် ခေါ်ယူ သွားနိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လကမှ အသက်(၁၆)နှစ် ပြည့်ထားသည့် ဂိုးသမားလေးသည် လတ်တလောတွင် ဘယ်လ်ဂျီယံ ကလပ် စတန်းဒက်လိဂ်၌ ကစားလျက် ရှိသည်။ ဆက်ဘ်တာအူရီကို ယူနိုက်တက်နှင့် စပါးတို့ အပြင် ရိုးမား၊ နယူးကာဆယ်လ် ယူနိုက်တက်နှင့် အန်းဒါးလက်ခ်ျတို့ကလည်း ချိတ်ဆက် ခဲ့ဖူးသေးသည်။ ယူနိုက်တက်သည် ဂျန့်ခ်အသင်းမှ ဘယ်လ်ဂျီယံ လူငယ် အင်ဒီဘူနန်းကို ခေါ်ယူ လိုက်သည့်နောက် ဆက်ဘ်တာအူရီကလည်း အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ပိုမို လိုလားလာခဲ့ခြင်း ဖြစ်သည်။

ဆက်ဘ်တာအူရီသည် ဘယ်လ်ဂျီယံ အသက်(၁၅)နှစ်အောက်နှင့် (၁၆)နှစ်အောက် လူငယ်လက်ရွေးစင် အဆင့်များတွင် ကိုယ်စားပြု ပါဝင်ခဲ့ဖူးသည်။ ၎င်းသည် အဆိုပါ အသင်းများတွင် ဘူနန်းနှင့် အသင်းဖော် ဖြစ်ခဲ့သည်။ ဆက်ဘ်တာအူရီသည် လက်ရွေးစင်အဆင့် ရွေးချယ်ရာတွင် ဘယ်လ်ဂျီယံအပြင် မော်ရိုကို အသင်းကိုလည်း ကိုယ်စားပြုခွင့် ရရှိထားသည်။ ၎င်းသည် ဇူလိုင်(၁)ရက်တွင် ယူနိုက်တက်သို့ အတည်ပြု ရောက်ရှိလာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ယူနိုက်တက်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဥရောပ တလွှားမှ သွေးသစ် ကစားသမားလေးများကို အသင်းတွင် လာရောက် အစမ်းလေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘင်ဖီကာမှ ဂျိုအို ဗာဂျီးနီးယားနှင့် ပိုလိုနီယာဝါဆောမှ တိုမက်စ်ဇ်ကွတ်ဇ်တို့ကို အသင်းတွင် လာရောက်လေ့ကျင့်စေခြင်းဖြင့် ၎င်းတို့၏ အနာဂတ် ဂိုးသမား နေရာအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ လတ်တလောတွင် ယူနိုက်တက်သည် အသင်းမှ အသက်(၁၈)နှစ်အရွယ် ကွင်းလယ် ကစားသမားလေး ဂျိုဝယ်လ် ပီရဲရားကို စာချုပ်သက်တမ်း တိုးမြှင့်သွားရန်လည်း ပြင်ဆင်နေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment