Pages

Subscribe:

Sunday, May 3, 2015

မြန်မာ အမျိုးသမီးအသင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲတွင် ဗီယက်နမ်ကို ရှုံးနိမ့်



မြန်မာ အမျိုးသမီးအသင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲတွင် ဗီယက်နမ်ကို ရှုံးနိမ့်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခင်မာလာထွန်း၊ ရီရီဦး၊ စန်းစန်းမော်၊ နော်အားလိုဝါးဖော၊ မေသူကျော် အစရှိသည့် အဓိက ကစားသမား အစုံအလင် ဖြင့် အိမ်ရှင် ဗီယက်နမ်အသင်းအား ရင်ဆိုင်ကစားခဲ့သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် တိုက်စစ်ဆင်ကစားပြီး ပွဲအစ ခြောက်မိနစ်တွင် အိမ်ရှင် ဗီယက်နမ်အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ဦးဆောင်ဂိုးပေးပြီး ခြောက်မိနစ်ကြာပြီးနောက် ပွဲချိန် ၁၂ မိနစ်တွင် မြန်မာအသင်းမှ ခင်မိုးဝေက ပြန်လည်ချေပ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် နော်အားလိုဝါးဖောက ပင်နယ်တီ ဧရိယာအတွင်း အပိုင်ကန်သွင်းကာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

သို့သော် ပွဲချိန် မိနစ် ၃၀ တွင် ဗီယက်နမ်မှ နံပါတ် ၁၈ ငုယင် မှ ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့် အတွက် ပထမပိုင်းအပြီးတွင် တစ်ဖက် နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အနိုင်ဂိုး ရရှိရေး တိုက်စစ်ဆင် ကစားခဲ့ကြပြီး ဗီယက်နမ် အသင်းက တတိယဂိုးကို ပွဲချိန် (၈၄) မိနစ်တွင် သွင်းယူခဲ့သည်။ မြန်မာအသင်း ချေပဂိုး ရရှိရေး ကြိုးစားခဲ့သော်လည်း ချေပဂိုးမရရှိခဲ့သဖြင့် ပွဲအပြီးတွင် အိမ်ရှင် ဗီယက်နမ် အမျိုးသမီး အသင်းက မြန်မာ အမျိုးသမီး အသင်းကို ၃-၂ဂိုး ဖြင့် အနိုင်ရယူခဲ့သည်။

မြန်မာ အမျိုးသမီးအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်သည့် အခြားပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းက မလေးရှားအသင်းကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရကာ အုပ်စုအဆင့် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမည့် မေလ ၄ ရက်၊ မြန်မာစံတော်ချိန် ၃း၃၀ တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima

0 comments:

Post a Comment