Saturday, April 4, 2015
မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်) အား ၂၀၁၅တွင် အပြီး တည်ဆောက်မည်
မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်) အား ၂၀၁၅တွင် အပြီး တည်ဆောက်မည်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ ဖြစ်လာမည့် Myanmar Football Academy (Yangon) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာဘောလုံး အဖွဲ့ချုပ် သတင်းအရ သိရှိရသည်။
မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်)၏ လေ့ကျင့်ရေး ကွင်းများ အပါအ၀င် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ (၂.၅)သန်းခန့် ဖြစ်ပြီး ဖီဖာမှ Goal Project 5 အစီအစဉ်အရ ကန်ဒေါ်လာ ၅ သိန်း ပံ့ပိုးထည့်ဝင်မည် ဖြစ်ကာ ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ ၂ သန်း ၀န်းကျင်ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ၄င်းတည်ထောင် ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးလှူဒါန်း ငွေဖြင့် တည်ဆောက် သွားမည်ဖြစ်သည်။
ရန်ကုန် ဘောလုံး အကယ်ဒမီ တည်ဆောက်ရန် ပူးပေါင်း ထည့်ဝင်မှု အဖြစ် ဖီဖာမှ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား Goal Project 5 ဖြင့်ဒေါ်လာ (၅)သိန်း ထောက်ပံ့ ပေးအပ်ရန် သဘောတူ စာချုပ် ချုပ်ဆိုပွဲကို ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Novotel Hotel , Yangon Max တွင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဖီဖာမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌများ နှင့် တာဝန် ရှိသူများ၊ အဆောက်အဦး တည်ဆောက်မည့် မင်းဓမ္မ ဆောက်လုပ်ရေးမှ တာ ၀န်ရှိသူများ တက်ရောက်ပြီး အတူတကွ စာချုပ် ချုပ်ဆိုခဲ့ကြသည်။
ဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် မြက်ခင်းတု လေ့ကျင့်ရေး ကွင်းနှစ်ကွင်းအား ဧရာဝတီ ဖောင်ဒေးရှင်း လှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီး သွားပြီဖြစ်ပြီး အဆောက်အဦးကိုလည်း လေ့ကျင့်ရေးကွင်း အနီးတွင် ဆက်လက် ဆောက်လုပ်သွားမည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ပထမဆုံး အကယ်ဒမီကျောင်း ဖြစ်သည့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် မြန်မာ ဘောလုံး အကယ်ဒမီ (ပုသိမ်)တို့မှာ လည်း သက်တမ်းအလိုက် လက်ရွေးစင် ကစားသမားများ မွေးထုတ်ပေးလျက် ရှိပြီး ရန်ကုန်ဘောလုံး အကယ်ဒမီ ပြီးစီးသည်နှင့် လူငယ် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်လာရန် MFF မှ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment