Pages

Subscribe:

Saturday, April 4, 2015

ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ အတွက် အကြိတ်အနယ် ပိုရှိလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)



ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ အတွက် အကြိတ်အနယ် ပိုရှိလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)

ပရီးမီးယားလိဂ်မှာ (၈)ပွဲပဲ ကစားဖို့ ကျန်တော့တဲ့ အနေအထားမှာတော့ ချန်ပီယံနေရာထက် ချန်ပီယံလိဂ် ဝင်ခွင့်နေရာ အတွက် တိုက်ပွဲတွေက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဒီတစ်ပတ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ အတွက် အရေး အပါဆုံး အားပြိုင်မှု တစ်ရပ်အဖြစ် အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ဆုံလာတဲ့ ပွဲကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။

အာဆင်နယ် – လီဗာပူးလ်
တောက်လျှောက် ခြေမှန်လာတဲ့ လီဗာပူးလ်တို့ အန်းဖီးလ်မှာ မန်ချက်စတာ ယူနိုက်တက်ကို (၂-၁)နဲ့ ရှုံးလိုက်ခြင်းက တော်တော်လေး အထိနာသွားပါတယ်။ အဲဒီပွဲမှာ ပိုဆိုးတာက အဓိက ကစားသမားတွေ ဒဏ်ရာရ၊ ပွဲပယ်ခံရတွေ ဖြစ်ကုန်တာပါပဲ။ လက်ရှိ အနေအထားအရ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို မျှော်လင့်ဖို့အတွက် ဒီပွဲကို ဘယ်လိုမှ အရှုံးခံလို့ မရနိုင်ပါဘူး။ အာဆင်နယ်ကလည်း ဒီပွဲနိုင်လိုက်ရင် နောက်ကြောင်းအေးသွားမှာ ဖြစ်တဲ့အတွက် အိမ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်ကစားဖို့ အားထုတ်ပါလိမ့်မယ်။ အာဆင်နယ်ရဲ့ ခြေစွမ်းက တည်ငြိမ်နေပြီး တိုက်စစ်မှာလည်း အိုလီဗီရာဂီရော့ဒ် ဂိုးမြူးနေတဲ့အတွက် မာတင်စကာတယ်လ် ပွဲပယ်ခံထားရတဲ့ လီဗာပူးလ် ခံစစ် ရုန်းကန်ရပါလိမ့်မယ်။ တကယ်လို့ ယော်ဒန်ဟန်ဒါဆင်နဲ့ ဖိလစ်ပီ ကော်တင်ဟိုတို့ဆီက ဘောလုံးမထွက်အောင် ချုပ်နိုင်ခဲ့ရင်တော့ ဒီပွဲဟာ အာဆင်နယ် စိတ်ကြိုက် ဖြစ်သွားပါလိမ့်မယ်။ အာဆင်နယ် အနိမ့်ဆုံး သရေပါပဲ။


မန်ချက်စတာယူနိုက်တက် – အက်စ်တန်ဗီလာ
တန်းဆင်းဇုန် ဖိအားဒဏ် ခံနေရတဲ့ ဗီလာအတွက် လက်ကျန်ပွဲတိုင်းမှာ ရုန်းကန်ဖို့ လိုနေပါပြီ။ ဒါပေမဲ့ နောက်ပိုင်းပွဲစဉ်တွေ တောက်လျှောက် ခြေမှန်လာတဲ့ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ခွဲယူဖို့ ဆိုတာက လက်ရှိ ဗီလာရဲ့ အနေအထားနဲ့ဆိုရင် မတန်မရာ နိုင်လွန်းပါတယ်။ ရော်ဘင်ဗန်ပါစီ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် ယူနိုက်တက်ရဲ့ တိုက်စစ်က တောင့်တင်းဆဲပါ။ ဟွမ်မာတာ၊ မော်ရိုဖယ်လိုင်နီ၊ အန်ဒါဟာရဲရာတို့အားလုံး ခြေမှန်နေပြီး တိုက်စစ်က ဝိန်းရွန်နီ၊ အိန်ဂျယ်လ် ဒီမာရီယာတို့နဲ့ အချိတ်အဆက် မိနေပါတယ်။ တစ်ဖက်မှာ အာဆင်နယ်-လီဗာပူးလ် ပြိုင်ဘက်နှစ်သင်း တွေ့ဆုံနေတာကို အခွင့်ကောင်းယူဖို့ ဒီပွဲကို ယူနိုက်တက် အာရုံစိုက် ကစားမှာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ ဗီလာကို အောက်ထစ် နှစ်ဂိုးလောက် ပြတ်ဖို့ဆိုတာ အိမ်ရှင်တွေ အတွက် သိပ်ခက်ခဲတဲ့ တောင်းဆိုမှုတော့ မဟုတ်ပါဘူး။

ချယ်လ်ဆီး – စတုတ်ခ်စီးတီး
ချန်ပီယံဖြစ်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတဲ့ ချယ်လ်ဆီးတို့ ဒီလို အိမ်ကွင်းပွဲစဉ်တွေမှာ သေချာပေါက် အမှတ်စုဆောင်းဖို့ လိုပါတယ်။ စတုတ်ခ်ဟာ ကာယအားပြု ကစားရာမှာ မာကျောတဲ့ အသင်းတစ်ခု ဖြစ်ပေမယ့် ချယ်လ်ဆီးကလည်း ကာယပိုင်းမှာ အနာအဆာ မရှိတဲ့ အခြေအနေမျိုးပါ။ အီဒင်ဟာဇက် တောက်လျှောက် ခြေတက်လာတဲ့ ချယ်လ်ဆီးတိုက်စစ်ဟာ အိမ်ကွင်းမှာ စတုတ်ခ်ကို ဂိုးသွင်းဖို့ မခက်ပါဘူး။ စတုတ်ခ်ဘက်က ဘိုယန်ကာကစ်ရဲ့ မြန်နှုန်းက သတိပြုရမယ့်အချက် ဖြစ်ပေမယ့် စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ ချယ်လ်ဆီးကို အနိုင်ကစားဖို့ လုံလောက်တဲ့ အကြောင်းတရား တစ်ရပ်တော့ မဟုတ်ဘူး။ ဂိုးပြတ်မပြတ် မပြောနိုင်ပေမယ့် အိမ်ရှင်တွေ သုံးမှတ်အပြည့် ယူပါလိမ့်မယ်။


ခရစ္စတယ်လ်ပဲလေ့စ် – မန်ချက်စတာစီးတီး
ရာသီဝက်လောက်တုန်းက မန်စီးတီးဟာ ချန်ပီယံဆုအတွက် ကြိုးစားအားထုတ်နေတဲ့ အခြေအနေ ရှိခဲ့ပေမယ့် အခုတော့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်အတွက် ပြန်စိုးရိမ်ရမယ့် အနေအထားမျိုး ဖြစ်လာပါတယ်။ ပဲလေ့စ်ကတော့ အိမ်ကွင်းကစားအား မဆိုးလှတဲ့ အသင်းမျိုးပါ။ ဒါကြောင့် နိုင်ငံတကာ ပွဲစဉ်ကစားပြီး နွမ်းနွမ်းနယ်နယ်နဲ့ ပြန်လာတဲ့ ကစားသမားတွေကို စုစည်းပြီး အဝေးကွင်းမှာ သွားကစားရမှာက မန်စီးတီးအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ပဲလေ့စ် ကစားသမား အများစုကတော့ နားရက်ရပြီး လန်းဆန်းနေတာပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိ အမှတ်ပေးဇယား ဒုတိယနေရာ မြဲဖို့တော့ မန်စီးတီး ရုန်းကန်ပါလိမ့်မယ်။ ခြေအရ မန်စီးတီး ကပ်နိုင်ဖို့များပြီး သရေလည်း ဖြစ်သွားနိုင်တဲ့ အနေအထားပါ။

Soccer Myanmar

0 comments:

Post a Comment