Pages

Subscribe:

Saturday, April 18, 2015

အပြောင်းအရွှေ့ သတင်းတိုများ



အပြောင်းအရွှေ့ သတင်းတိုများ

အဲဗာတန် အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်စ် သည် ဘာစီလိုနာ နောက်ခံလူ သောမတ်စ် ဗန်မဲလန်း ကို နွေရာသီ တွင် အဲဗာတန် သို့ ခေါ်ယူရန် ဆန္ဒရှိနေကြောင်းသိရပါတယ်။

ပေါ်ပေါ့ဘာသည် ဘာစီလိုနာ သို့ပြောင်းရွှေ့ ချင်နေပေမဲ့ ဖီဖာက ဘာကာ ကို ကစားသမားခေါ်ယူခွင့် ပိတ်ပင်ထားတဲ့အတွက် လက်ရှိအခြေအနေမှာတော့ အပြောင်းအရွှေ့ဖြစ်မြောက်ရန်ဝေးကွာတဲ့အနေအထားမှာရှိနေပါတယ်။

စပိန် သတင်းများတွင် ဖေါ်ပြထားမှု အရ ဒီဂီယာက နွေရာသီတွင် ရီးရဲမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီးကြောင်း နှင့် ကလပ်အသင်း နှစ်ခုအကြား သဘောတူရန်သာ ကျန်တော့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ချာလ်တန် အက်သလက်တစ် တောင်ပံကစားသမား ဂျိုဟန် ဂတ်မန်ဆန် ကို ပေါင် ၂ သန်း ဖြင့် စတုတ် စီးတီး အသင်း နှင့် ဟားလ် စီးတီး အသင်း တို့ က အပြိုင်ခေါ်ယူသွားမယ်လို့သိရပါတယ်။

ကျူပီအာအသင်း သည် ရာသီအကုန် တန်းဆင်းခဲ့ရရင် အသင်းရဲ့တိုက်စစ်မှူး အော်စတင်း ကိုရောင်းချသွားလိုပြီး ဆောက်သမ်ပတန် နှင့် နယူးကက်စ်တယ် အသင်း တို့ က ခေါ်ယူရန် အလိုရှိနေပါတယ်။

လာမည့်နွေရာသီ တွင် ဘန်လေ နှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့ မည့် ဒန်နီအင်း ကို မန်ယူ အသင်းက လီဗာပူးလ် အသင်း ကို လက်ဦးမှုရယူပြီး ခေါ်ယူသွားမယ်လို့သိရပါတယ်။

ဂျူဗင်တပ်စ် အသင်း သည် တိုက်စစ်မှူး ကားလို့စ်တီဗက်စ် နေရာကို ကာဗာနီ နှင့်အစားထိုးလိုနေပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ က ပေါ်ပေါ့ဘာ ထွက်ခွာ သွား မသွား အခြေအနေပေါ်မှာ မူတည်နေပါတယ်။

အေစီမီလန် အသင်း နှင့် နာပိုလီ အသင်း တို့သည် ဒေါ့မန်နည်းပြ ဂျာဂန်ကလော့ ကို အသင်း နည်းပြအဖြစ်ခန့်အပ် ရန်ဆန္ဒရှိနေကြပါတယ်။ အေစီ အသင်း က ဖိလစ်ပို အင်ဇာဂီ ရဲ့နေရာကို အစားထိုးလိုနေပြီး နာပိုလီ အသင်းကလည်း ဘင်နီတက်စ် ရဲ့နေရာကို အစားထိုးလိုနေပါတယ်။

#KS
Football Cafe

0 comments:

Post a Comment