Pages

Subscribe:

Saturday, April 18, 2015

ဘရာဇီးလ် ဂန္ထဝင် ကစားသမား ရိုနယ်ဒင်ဟို ဘောလုံးကစားသမား ဘဝမှ အနားယူတော့မည်



ဘရာဇီးလ် ဂန္ထဝင် ကစားသမား ရိုနယ်ဒင်ဟို ဘောလုံးကစားသမား ဘဝမှ အနားယူတော့မည်

သတင်းများရဲ့ အဆို အရ ဘရာဇီးလ် ကစားသမားဟောင်း သည် ရာသီ အကုန် တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ဆုရ ကစားသမားဟောင်း သည် လက်ရှိ အချိန်တွင် မက္ကဆီ ကို ကလပ် ကွိရိတာရိုး အသင်း မှာ ကစားနေပါတယ်၊ ဒါပေမဲ့ အသင်းမှာ အခြေမကျ ပဲ ကျဆုံးခဲ့ပါတယ်။ ယခု အချိန်မှာ သူ့ကို ရိုဘယ်လ်ဒင်ဟို လို့ အမည်ပြောင်ပေးထားကြပါတယ်။ ဆိုလိုတာက ၁၉ ပွဲတွင် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သဖြင့် လစာ ကို လုယူနေသူ ဖြစ်တယ်လို့ အမည်ပြောင်ပေးထားတာဖြစ်ပါတယ်။

ရာသီပြီးဆုံးမည့် မေမှာ သူ့ရဲ့ဘောကန်ဖိနပ်တွေ ကို အနားပေးပြီး ဘောလုံးသမားဘဝကနေ အနားယူတော့မယ် လို့ သူ့ရဲ့သူငယ်ချင်းများ ကို ပြောကြားခဲ့တယ် လို့ ဘရာဇီးလ် မီဒီယာ များက ဖေါ်ပြနေကြပါတယ်။

၃၅ နှစ်သား ဟာ ပီအက်စ်ဂျီ၊ ဘာကာ နှင့် အေစီမီလန် အသင်းတို့မှာ ကစားခဲ့ရတဲ့ သူ့ရဲ့ကစားသမားဘဝကို ကျေနပ်နှစ်သက်ခဲ့တယ်လို့သိရပါတယ်။

ရိုနယ်လ်ဒင်ဟို ကို ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် လို့ ချီးကျူးခဲ့ကြပါတယ်။ သူနောက်လ မှာ အနားယူသွားမယ်ဆိုရင် ပွဲအနည်းငယ် ကစားအပြီး မှာ သူ့ရဲ့ မှော်ဝင်ခြေစွမ်းတွေကို မြင်တွေ့ခွင့်ရတော့ မည် မဟုတ်တော့ပါဘူး။

#KS
Football Cafe

0 comments:

Post a Comment