Pages

Subscribe:

Saturday, April 18, 2015

သရေရလဒ်နဲ့ ကျေနပ်စရာဖြစ်စေမဲ့ စတန်းဖို့ဘရစ်က စူပါဆန်းဒေး



သရေရလဒ်နဲ့ ကျေနပ်စရာဖြစ်စေမဲ့ စတန်းဖို့ဘရစ်က စူပါဆန်းဒေး
(တနင်္ဂနွေနေ့ မနက် ၀၀:၃၀ )
**********************************
ဒီအချိန်မှာ အိမ်ရှင်ချဲဆီးရော မန်ယူပါ အကောင်းဆုံးဆိုတဲ့ အနေအထားတစ်ခုကနေ လွဲချော်နေကြပါတယ်။ ချဲဆီးခြေစွမ်းက တဖြည်းဖြည်းအကျပိုင်းရောက်လာနေပြီး မန်ယူရဲ့ ခြေစွမ်းက နိမ့်တဲ့အခါနိမ့် မြင့်တဲ့အခါ မြင့်လို့နေပါတယ်။ (၇) မှတ်အသာနဲ့ ဇယားထိပ်မှာ သာသာယာယာရပ်တည်နေတဲ့ ခြင်္သေ့ပြာတွေအတွက်တော့ နောက်ထပ် သုံးပွဲ လေးပွဲလောက် နိုင်ရုံနဲ့ ပရီးမီးယားလိဂ်ဖလားက စတန်းဖို့ဘရစ်ခ်ျ ကို ရောက်ရှိလာမှာမို့ မော်ရင်ဟို အနေနဲ့ ဒီပွဲကို ပြုံးပြုံးလေးရင်ဆိုင်ပါလိမ့်မယ်။ မန်ယူအတွက်တော့ သေသေကြေကြေ အရိုးကျေကျေ အရေခန်းခန်း ကြိုးစားပြီး ထပ်မံလက်လွတ်မခံရဲတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နည်းနည်းလေးတောင် မှားလို့ မရသေးပါဘူး။ ဒီပွဲမှာသာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရရင် အာဆင်နယ်နဲ့ အလှမ်းဝေးသွားနိုင်သလို မန်စီးတီးရဲ့ ထပ်ကြပ်မကွာဖိအားပေးမှုကိုပါ ထပ်ဆင့်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မန်ယူအနေနဲ့ အနိုင်ကစားဖို့ ဦးတည်လာမှာပါ။ ဒါပေမဲ့ မိုက်ကယ်ကာရစ် ရိုဂျို ဖီးဂျုန်း ဒါလေဘလိုင်း တို့ကို လက်လွှတ်ရမယ့် ဗန်ဟားအတွက်တော့ နညှ်းဗျုဟာပိုင်းအရတော့ စဉ်းစားလေလေ ခေါင်းပူလေလေ ဖြစ်နေမှာပါ။ချဲဆီးအနေနဲ့ ဂုဏ်သိက္ခာအရတော့ အနိုင်ကစားချင်ပေမဲ့ ရှုံးရင်လည်း ဖိအားသိပ်မဝင်တဲ့ အနေအထားပါ။ဒါပေမဲ့ အိမ်ကွင်းပရိတ်သတ်ရှေ့မှာမို့ ပရိတ်သတ် ကျေနပ်အောင်ပဲဖြစ်ဖြစ် သရေတော့ ကစားဖို့ တွက်ဆထားပါလိမ့်မယ်။သရေရလဒ်ဦးတည်လာပြီး ခံစစ်ကောင်းမွန်တဲ့ ချဲဆီးကို , လိုအပ်ချက်များစွာရှိနေဆဲ သရဲနီတို့ တိုက်စစ်က ကျော်ဖြတ်ဖို့ ရေကုန်ရေခန်း ကြိုးစားရမှာပါ။
ဒါ့ကြောင့် ခံစစ်ဗျုဟာ ကျွမ်းကျင်တဲ့ မော်ရင်ဟို နဲ့ မရှုံးအောင်သာ အဓိကထား ကစားပေးဖို့လိုတဲ့ အနေအထားတစ်ခုတို့ကြောင့်
ဒီပွဲက

အပြန်အလှန်သွင်းဂိုးနည်းနိုင်ပြီး သရေရလဒ်ကို အများဆုံးဦးတည်နေပါမယ်။ အနိုင်ဆိုရင်တော့ အမှတ်လိုအပ်ချက်သိပ်မရှိတဲ့ ချဲဆီးကို ဘေးချိတ်ထားရင် အကောင်းဆုံးဖြစ်နေမှာပါ။ '

Ko Ko San
Football Cafe

0 comments:

Post a Comment