Pages

Subscribe:

Saturday, April 18, 2015

လာမည့်ရာသီ တွင် ကွာဒရာဒို သည် ချယ်ဆီးရဲ့ ကြယ်ပွင့်ကစားသမားဖြစ်လာပါလိမ့်မယ် (မော်ရင်ညို)



လာမည့်ရာသီ တွင် ကွာဒရာဒို သည် ချယ်ဆီးရဲ့ ကြယ်ပွင့်ကစားသမားဖြစ်လာပါလိမ့်မယ် (မော်ရင်ညို)

ချယ်ဆီး အသင်း မန်နေဂျာ မော်ရင်ညို က ကွာဒရာဒို ဟာ လာမည့်ရာသီတွင် ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့် ကစားသမားဖြစ်လာပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာ ကစားသမားသည် ပြီးခဲ့သည့် ဇန်နဝါရီ လ က ဖီအိုရင်တီးနား မှနေ ပေါင် ၂၆.၁ သန်းဖြင့် စတမ်းဖို့ဘရစ် သို့ ပြောင်းရွှေ့လာပြီးချိန်မှစ၍ အသင်းနှင့် ရုတ်တရက် အထိုင်မကျ နိုင်သေးပဲ ရုန်းကန်နေရပါတယ်။ ဆောက်သမ်ပတန် နှင့် သရေကျခဲ့သော ပွဲတုန်းကလည်း ရန်လိုနေတဲ့ ပရိတ်သတ်များရဲ့ တိုက်ခိုက်မှုများကြောင့် ကာကွယ်ပေးမှုများလုပ်ခဲ့ရပါသေးတယ်။

မိုဟာမက်ဆာလာစ် ရဲ့ နေရာကို အစားထိုးဖို့ခေါ်ယူခဲ့ပေမဲ့ လက်ရှိကွာဒရာဒို ရဲ့ခြေစွမ်း ကို မေးခွန်းထုပ်ခဲ့ကြပါတယ်။

"""ကျွန်တော်သိပါတယ် အီတလီမှာ ကစားရတာနဲ့ အင်္ဂလန် မှာ ကစားရတာ ကွာခြားတယ်ဆိုတာ၊ ဖီအိုရင်တီနာ မှာ ကစားရတာ နဲ့ ချယ်ဆီးမှာ ကစားရတာလည်း မတူညီပါဘူး၊ ကစားသမားက အချိန်လိုအပ်နေပါတယ်၊ ကျွန်တော်ကလည်း သူ့ကို အချိန်ပေးဖို့အဆင်သင့်ပါ၊ သူ့မှာအချိန်ရှိနေပါပြီ၊ လာမဲ့ရာသီ မှာ သူ့ရဲ့ ထူးခြား တဲ့ အကောင်းဆုံး ရာသီ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်""" လို့ မော်ရင်ညို က ကွာဒရာဒို ကို အပြည့်အဝ ကာကွယ်ပေးပြီး ပြောကြားလိုက်ပါတယ်။

#KS
Football Cafe

0 comments:

Post a Comment