Pages

Subscribe:

Thursday, March 5, 2015

နည်းဗျူဟာပိုင်းတွင် ပိုမိုပြည့်ဝလာပါက ဟန်ဒါဆင်၏ ခြေစွမ်း ယခုထက် ထက်မြက်လာမည်ဟု ရော့ဂျာဆို



နည်းဗျူဟာပိုင်းတွင် ပိုမိုပြည့်ဝလာပါက ဟန်ဒါဆင်၏ ခြေစွမ်း ယခုထက် ထက်မြက်လာမည်ဟု ရော့ဂျာဆို

နည်းဗျူဟာပိုင်း ယခုထက် ကျေညက်လာချိန်တွင် ယော်ဒန်ဟန်ဒါဆင်၏ ခြေစွမ်းသည် ပိုမိုထက်မြက် မြင့်မားလာလိမ့်မည်ဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ချီးကျူး ပြောကြားလိုက်သည်။

လီဗာပူးလ်သည် ဗုဒ္ဓဟူးနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဘန်လေကို (၂-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ကွင်းလယ် ကစားသမား ဟန်ဒါဆင်က အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ အခြားတစ်ဂိုးကိုမူ တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျက ရယူပေးခဲ့ခြင်း ဖြစ်သည်။ ဟန်ဒါဆင်သည် စတီဗင်ဂျရတ် ဒဏ်ရာရနေချိန်တွင် လီဗာပူးလ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ကစားပေးပြီး ခြေစွမ်းပြလျက်ရှိရာ မန်ချက်စတာ စီးတီးနှင့် ပွဲစဉ်တွင်လည်း ဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းပေးခဲ့သေးသည်။

ရော့ဂျာက “ဟန်ဒါဆင်ရဲ့ ဂိုးကတော့ တကယ့်ကို ကောင်းမွန်ပါတယ်။ ဒီဂိုးက ကျွန်တော်တို့အတွက် ပွဲကို ထိန်းချုပ် ကစားဖို့ ယုံကြည်မှု တိုးလာစေတယ်။ ဟန်ဒါဆင်က နည်းစနစ်ပိုင်း သိပ်ကောင်းပါတယ်။ စတားရစ်ဂ်ျရဲ့ ဂိုးကလည်း အပျံစားပဲ။ ဟန်ဒါဆင်ဟာ ပွဲတိုင်းပွဲတိုင်း ပိုတိုးတက်လာနေပါတယ်။ တကယ်လို့ နည်းဗျူဟာပိုင်းမှာ ဒီထက်ပိုပြီး ရင့်ကျက် ကျေညက်လာမယ်ဆိုရင် သူက အခုထက်ကို ပိုကောင်းလာဦးမှာပါ”ဟု ဆိုသည်။ ၎င်းက “ဟန်ဒါဆင်ဟာ တကယ့်ကို အားကစားသမား ပီသသူပါ။ သူဟာ ပြေးလွှား လှုပ်ရှားနေမှုနဲ့ ပတ်သက်ရင် မွေးရာပါ ပါရမီ ရှိသူ ဖြစ်ပါတယ်။ သူတစ်ယောက်တည်း အနေနဲ့ရော၊ အသင်းအနေနဲ့ပါ စွမ်းဆောင်ရည်က အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပွဲအရှိန်ကို ထိန်းချုပ်ထားပြီး ခံစစ်ပိုင်းမှာလည်း ကောင်းကောင်း ကာကွယ် ကစားသွားခဲ့တယ်။ မန်စီးတီးကို အနိုင်ရခဲ့သလိုပဲ ဒီပွဲရဲ့ ရလဒ်ကလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment