Monday, April 13, 2015
ကျူပီအာ ကွင်းမှာ အိုင်ဗန်နိုဗစ် ကို မီးခြစ်ဖြင့် ပစ်ပေါက်ခဲ့သည့်အမှု အား စုံစမ်း စစ်ဆေးသွားမည့် အက်ဖ်အေ
ကျူပီအာ ကွင်းမှာ အိုင်ဗန်နိုဗစ် ကို မီးခြစ်ဖြင့် ပစ်ပေါက်ခဲ့သည့်အမှု အား စုံစမ်း စစ်ဆေးသွားမည့် အက်ဖ်အေ
ချယ်ဆီး အသင်း သည် မနေ့က ပရီးမီးယားလိဂ် ပွဲမှာ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားရရှိရန် နောက်တဆင့် နီးစပ်သွားခဲ့ပေမဲ့ ကျူပီအာအသင်း ကတော့ အက်ဖ်အေ နှင့် ရင်ဆိုင်တွေ့ရတော့မည်ဖြစ်ပါတယ်။
ဆက်စ် ဖာဘရီဂက်စ် ရဲ့ နောက်ကျဂိုး နှင့် အနိုင်ရရှိခဲ့ပြီး ချယ်ဆီး အသင်း သည် အမှတ်ပေးဖလားရရှိရန် ၁၂ မှတ်သာ လိုအပ်တော့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကျူပီအာ အိမ်ကွင်း ပရိတ်သတ်တွေက အောင်ပွဲခံခဲ့တဲ့ ချယ်ဆီး ကစားသမားတွေ ကို ပုလင်းများ ၊ အကြွေစေ့ များဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဆေးလိပ် မီးညှိ တဲ့ မီးခြစ် တစ်ခုကတော့ အိုင်ဗန်နိုဗစ် ရဲ့ခေါင်းကို ထိမှန်ခဲ့ပါတယ်။
ယခုအဖြစ်အပျက် ကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က စုံးစမ်းစစ်ဆေးသွားဖို့ပြင်ဆင်နေပြီး၊ ကျူပီအာ မန်နေဂျာ ခရစ်ရမ်းဆေး ကတော့ """အရာဝတ္ထုပစ္စည်းတွေနဲ့ ကွင်းအတွင်း ပစ်တာကိုတော့ ကျွန်တော်တို့ အလိုမရှိပါဘူး၊ ရန်ပြုခြင်းကြောင့် အသင်း နဲ့ ပရိတ်သတ်တွေကြား ဝေးကွာ သွားစေမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ဆိုရင် သူတို့ကို အသင်း ကွင်းအတွင်း နောက်မလာနိုင်အောင် ကြိုးစားသွားပါမယ်""" လို့ ပြောကြားခဲ့ပါတယ်။
ချယ်ဆီး မန်နေဂျာ မော်ရင်ညို ကတော့ """တစ်စုံတစ်ယောက် က ငွေ တစ်ပေါင် နဲ့ ပစ်ပေါက်ပါက အဲဒီ တစ်ပေါင် ကို သင့်ရဲ့အိပ်ထဲကို ထည့်ယူသွားပါ၊ ချောကလက် နဲ့ ပေါက်ရင် အဲဒါကို စားပစ်လိုက်ပါ။ ပြသနာ မရှိပါဘူး""" လို့ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment