Pages

Subscribe:

Tuesday, April 7, 2015

စတာလင်၏ အခြေအနေကို ရီးယဲမက်ဒရစ် စောင့်ကြည့်နေကြောင်း ဇီဒန်း ဖွင့်ဟ



စတာလင်၏ အခြေအနေကို ရီးယဲမက်ဒရစ် စောင့်ကြည့်နေကြောင်း ဇီဒန်း ဖွင့်ဟ

လီဗာပူးလ် ကြယ်ပွင့် ရာဟင်းမ်စတာလင်၏ အခြေအနေကို ရီးယဲမက်ဒရစ်က စောင့်ကြည့်နေကြောင်း ဇီနက်ဒင်းဇီဒန်းက ဖွင့်ဟပြောကြားလိုက်သည်။

စတာလင်သည် BBC Sport နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် လက်ရှိစာချုပ်သက်တမ်းတိုးမြှင့်မှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ငွေနောက်လိုက်သည့် ကစားသမား ဖြစ်လာရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ၎င်းနှင့် လီဗာပူးလ်တို့၏ အနာဂတ်အပေါ် ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဆန်တီယေဂို ဘာနေဗျူးတွင် နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူနေသည့် မက်ဒရစ် ဂန္တဝင် ကစားသမား ဇီဒန်းက စပိန်ထိပ်သီးအသင်း အနေဖြင့် အင်္ဂလန်လက်ရွေးစင် ကစားသမားကို စောင့်ကြည့်နေကြောင်း ဆိုခဲ့သည်။

“ရာဟင်းမ်စတာလင်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူ့ကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရီးယဲမက်ဒရစ်ရဲ့ အသင်းလူစာရင်း ပိုကောင်းလာအောင် လုပ်နိုင်တဲ့ ကစားသမား ကမ္ဘာပေါ်မှာ အနည်းငယ်ပဲ ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေကို စောင့်ကြည့်နေတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကဆိုရင် ကျွန်တော်တို့ ဘေးလ်ကို စောင့်ကြည့်ခဲ့ပါတယ်။ အစ္စကိုနဲ့ ဗာရိန်းတို့လည်း အလားတူပါပဲ။။ ကျွန်တော်တို့က ဥရောပက အကောင်းဆုံး လူငယ်ကစားသမားတွေကို စောင့်ကြည့်ပြီး ရီးယဲမက်ဒရစ်အတွက် စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေကို သူတို့ရဲ့ ကလပ်အသင်းနဲ့ ဆက်သွယ်ပြီး ခေါ်ယူဖို့ ကြိုးပမ်းပါတယ်” ဟု ဇီဒန်းက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment