Tuesday, April 7, 2015
မိမိ၏ အနာဂတ်အတွက် မကြာခင် အဆုံးအဖြတ်ပေးသွားမည်ဟု ဟမ်မဲလ် ဆို
မိမိ၏ အနာဂတ်အတွက် မကြာခင် အဆုံးအဖြတ်ပေးသွားမည်ဟု ဟမ်မဲလ် ဆို
မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် မိမိ၏ အနာဂတ်နှင့် ပတ်သက်၍ ရက်သတ္တပတ် အနည်းငယ်အတွင်း ရှင်းရှင်းလင်းလင်း သိရှိရမည် ဖြစ်ကြောင်း ဘိုရပ်ရှားဒေါ့မွန် နောက်ခံလူ မတ်စ်ဟမ်မဲလ်က ပြောကြားလိုက်သည်။
အသက် ၂၆ နှစ်အရွယ် ဟမ်မဲလ်သည် ဒေါ့မွန်မှ ထွက်ခွာရန် စဉ်းစားနေကြောင်း အတည်ပြု ပြောကြားခဲ့သော်လည်း မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားမှုများကို ငြင်းဆိုခဲ့သည်။
ထို့နောက် ဟမ်မဲလ်က မိမိအနေဖြင့် အသင်းနှင့် အခြေအနေကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် ရာသီမကုန်မီတွင် အနာဂတ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
“ကျွန်တော်က အသင်းကနေ ထွက်ခွာမယ်လို့ ပြောခဲ့တာမဟုတ်ပါဘူး။ အသင်းနဲ့ အခြေအနေကို အသေအချာ ပြန်လည်စဉ်းစားသုံးသပ်မယ်လို့ ပြောခဲ့တာပါ။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရပါမယ်” ဟု ဂျာမနီ လက်ရွေးစင် ကစားသမားက ပြောကြားခဲ့သည်။
ဟမ်မဲလ်သည် ၂၀၀၈ ခုနှစ်က ဘိုင်ယန်မြူးနစ်မှ ဒေါ့မွန်သို့ အငှားဖြင့် စတင်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အပြီးသတ် ပြောင်းရွှေ့ကစားခဲ့သည်။ ၎င်းနှင့် ဒေါ့မွန်တို့၏ လက်ရှိစာချုပ်မှာ နှစ်နှစ်သက်တမ်း ကျန်ရှိနေသေးသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment