Saturday, April 4, 2015
စတာလင်ကို ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ဝင်းဂါး ချီးကျူး
စတာလင်ကို ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ဝင်းဂါး ချီးကျူး
ရာဟင်မ် စတာလင်နှင့် ပတ်သက်၍ စိတ်ဝင်စားမှုရှိကြောင်း အရိပ်အမြွက် မှတ်ချက်စကားမျိုး အာစင်ဝင်းဂါးက ထုတ်ဖော် ပြောကြားလိုက်သည်။
လီဗာပူးလ် အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် အဆင်မပြေ ဖြစ်နေသည့် အင်္ဂလန်လူငယ် တိုက်စစ်သမားလေးက မိမိသည် အာဆင်နယ် အသင်းထံမှ စိတ်ဝင်စားခြင်းကို ခံနေရသည်ဆိုသော သတင်းများအတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ဖွင့်ဟခဲ့သည်။ ယခုအခါ အာဆင်နယ်၏ ပြင်သစ်သား မန်နေဂျာကြီးကလည်း စတာလင်သည် ထိပ်တန်းအဆင့် ကစားသမားကောင်း တစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုလာခဲ့သည်။ လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် ယခုသီတင်းပတ်ကုန်တွင် ပရီးမီးယားလိဂ်၌ ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
သတင်းထောက်များက စတာလင်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ ဝင်းဂါးက “စတာလင်ဟာ ထိပ်တန်းအဆင့် ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ပွဲမကစားမီ ရက်ပိုင်းအလိုမှာ ပြိုင်ဘက်အသင်းရဲ့ ကစားသမားအကြောင်း ကျွန်တော် အများကြီး မပြောချင်ပါဘူး”ဟု ဖြေကြားခဲ့သည်။ ၎င်းက “လီဗာပူးလ် အပေါ်မှာ ကျွန်တော် အပြည့်အဝ လေးစားမှု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် လောလောဆယ် ပွဲအပေါ်မှာပဲ အာရုံစိုက်ချင်တယ်။ လတ်တလော အသင်းက ရရှိနေတဲ့ စွမ်းဆောင်ရည်ကောင်းကို ဆက်ထိန်းသိမ်းထားဖို့ပဲ အဓိက ရည်ရွယ်ထားပါတယ်”ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment