Pages

Subscribe:

Friday, April 17, 2015

ကျွန်တော် မန်ချက်စတာယူနိုက်တက် ကို သွားချင်ပါတယ် အာဆင်နယ် ကို မဟုတ်ပါဘူး (ဟမ်းမဲလ်)



ကျွန်တော် မန်ချက်စတာယူနိုက်တက် ကို သွားချင်ပါတယ် အာဆင်နယ် ကို မဟုတ်ပါဘူး (ဟမ်းမဲလ်)

မန်ချက်စတာ ယူနိုက်တက် အသင်း သည် မတ်စ် ဟမ်းမဲလ် ကို ခေါ်ယူနိုင်ရန်ပေါင် ၃၅ သန်းဖြင့် တိုးမြှင့်ကမ်းလှမ်းလိုက်ပြီး ကစားသမားကလည်း အာဆင်နယ် အသင်း ထက် မန်ချက်စတာယူနိုက်တက် အသင်းသို့ သွားလိုကြောင်း သတင်းသမားများသို့ပြောကြားခဲ့ပါတယ်။

မန်ယူ မန်နေဂျာ ဗန်ဂါးလ် က မန်ယူ နောက်တန်း ပိုမို ခိုင်မာတောင့်တင်းရန် ကမ္ဘာ့ဖလာ ချန်ပီယံ ကို အိုးထရက်ဖို့သို့ ခေါ်ယူသွားလိုနေပြီး ဟမ်းမဲလ် သည် မန်ယူသို့ ပြောင်းရွှေ့လိုနေတယ် လို့ ဒေးလီးစတား သတင်းတွင်ဖေါ်ပြထားပါတယ်။

ဒေါ့မန် မန်နေဂျာ ကလော့ပ် အသင်းကနေ ထွက်ခွာ သွားစေချင်း က ဟမ်းမဲလ် ကို နွေရာသီတွင် အသင်းမှ ထွက်ခွာစေရန် တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။

အာဆင်နယ် အသင်းကလည်း ဒီနောက်ခံလူ ကို ခေါ်ယူလိုပေမဲ့ ကစားသမားရဲ့ နှလုံးသားထဲမှာ အိုးထရက်ဖို့ဒ် သာရှိနေပြီး အပြောင်းအရွှေ့ ရာသီဖွင့်ချိန်မှာ မန်ယူ သို့ ပြောင်းရွှေ့မှု ပြီးပြည့်စုံလိမ့်မယ်လို့ သိရပါတယ်။

#KS
Football cafe

0 comments:

Post a Comment