Pages

Subscribe:

Friday, April 17, 2015

POTY ဆု အတွက် ဟာဇတ်၊ ကော်စတာ နှင့် ဆန်းချက်စ် တို့ ဆန်ကာတင် အဆင့်မှာပါဝင်လာ



POTY ဆု အတွက် ဟာဇတ်၊ ကော်စတာ နှင့် ဆန်းချက်စ် တို့ ဆန်ကာတင် အဆင့်မှာပါဝင်လာ

တစ်နှစ်တာ လူငယ် အကောင်းဆုံး ဆု အတွက် ကော်တိုးရစ် ၊ စတာလင် တို့ နှင့် အတူ ဒီဂီယာ၊ ဟယ်ရီကိန်း နှင့် ကော်တင်ဟို တို့လည်းပါဝင်နေပါတယ်။

ပီအက်ဖ်အေ က ကြေညာ တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို တော့ ချယ်ဆီးရဲ့ ဟာဇက် နဲ့ ကော့စတာ တို့က ဦးဆောင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ဂိုးသမား ဒီဂီယာ ၊ အာဆင်နယ် ရဲ့ အလက်ဆစ်ဆန်းချက်စ်၊ လီဗာပူးလ် ရဲ့ ကော်တင်ဟို နှင့် စပါးရဲ့ ဟယ်ရီကိန်း တို့ လည်း ဆုရရှိရန် ရေပန်းစားနေပါတယ်။

နီမန်ဂျာမက်တစ်၊ ဆက်ဖာဘရီဂက်စ်၊ ဆာဂျီယိုအဂူရို နဲ့ မော်ဂန် ရှနိုက်ဒါလင် တို့အတွက်တော့ နေရာမရှိပါဘူး။

ဟာဇတ်၊ဒီဂီယာ၊ ကော်တင်ဟို တို့သည် ကော်တိုးရစ် ၊ စတာလင် တို့ နှင့် အတူ လူငယ် ကစားသမားအမည်စာရင်းမှာလည်းပါဝင်နေပါတယ်။

ဆုရရှိတဲ့သူ ကို ဧပရာယ်လ် ၂၆ မှာ ကြေညာ သွားမှာဖြစ်ပါတယ်။

ပီအက်ဖ်အေ POTY ဆန်ကာတင်စာရင်းမှာ ။ ။ ဒီရေဂိုကော်စတာ ၊ ကော်တင်ဟို၊ ဒီဂီယာ၊ ဟာဇက်၊ ဟယ်ရီကိန်း၊ ဆန်းချက်စ် တို့ဖြစ်ပါတယ်။

ပီအက်ဖ်အေ လူငယ် POTY ဆန်ကာတင်စာရင်းမှာ ။ ။ ကော်တိုးရစ်၊ကော်တင်ဟို၊ ဒီဂီယာ၊ ဟာဇက်၊ ဟယ်ရီကိန်း၊ စတာလင် တို့ဖြစ်ပါတယ်။

POTY ဆုတွေကို ဘယ်သူတွေ ရရှိသွားမလဲဆိုတာတော့ ဧပရာယ် ၂၆ ရက်နေ့မှာ စောင့်မျှော်ရှုစားကြတာပေါ့။

#KS
Soccer Myanmar

0 comments:

Post a Comment